• Follow Us on
Latest News

Home အမေရိကန်ရေတပ် ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်တွေအတွက် ပညာသင်ဆုအစီအစဉ်တစ်ရပ် ပင်တဂွန် စစ်ဌာနချုပ် ဖွင့်လှစ်ပေး

အမေရိကန်ရေတပ် ဆိုက်ဘာကျွမ်းကျင်တပ်ဖွဲ့ဝင်တွေအတွက် ပညာသင်ဆုအစီအစဉ်တစ်ရပ် ပင်တဂွန် စစ်ဌာနချုပ် ဖွင့်လှစ်ပေး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်ရေတပ် ဆိုက်ဘာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် သက် မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့ စီမံချက်တစ်ရပ်ကို ဆောင်ရွက်ပေးလိုက်ပါတယ်။

 

ဆိုက်ဘာပညာသင်ဆုအစီအစဉ်အရ သတ်မှတ်အရည်အချင်းပြည့်မီတဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေဟာ ဆိုက်ဘာ လုပ်ငန်းဆိုင်ရာ ဘွဲ့ဒီဂရီတစ်ခုကို ရယူနိုင်မှာဖြစ်ပါတယ်။

 

အခုဆောင်ရွက်မယ့်အစီအစဉ်သစ်ဟာ ဆိုက်ဘာလုံခြုံရေးအတွက် အဓိကရည်မှန်းပြီး ဆိုက်ဘာနဲ့ဆက်နွယ်တဲ့ ခေတ်မီနည်းပညာတွေလေ့လာဆည်းပူးရာမှာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အဆင့်မြင့်ပညာရေးအတွက် ရန်ပုံငွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ရှေ့တန်း/နောက်တန်းမှာ တာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့ဝင်တွေအနေနဲ့ bachelor ဘွဲ့၊ master ဘွဲ့နဲ့ doctor ဘွဲ့တွေရရှိအောင် ဒီပညာသင်ဆုအစီအစဉ်ကို လျှောက်ထားနိုင်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းအရပ်သားဝန်ထမ်းတွေဟာ လည်း ဒီပညာသင်ဆုအစီအစဉ်နဲ့ အကျုံးဝင်ပြီး associate ဘွဲ့၊ master ဘွဲ့နဲ့ doctor ဘွဲ့တွေရရှိအောင် ဒီ ပညာသင်ဆုကို လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

 

လျှောက်ထားသူအသီးသီးဟာ နောက်ထပ်တာဝန်တွေဆက်လက်ထမ်းဆောင်နိုင်တဲ့အရည်အချင်းပြည့်မီ ကြောင်း သက်သေပြတဲ့ အဆင့်မြင့်အရည်အချင်းသက်သေပြမှတ်တမ်းတစ်ခု ရှိရမှာဖြစ်ပါတယ်။

 

သင်ကြားမယ့် အစီအစဉ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်အရာရှိချုပ်ကထောက်ခံ ထားတဲ့ computer science နဲ့ engineering၊ programming၊ network management၊ data administration၊ information systems acquisition၊ digital နဲ့ multimedia forensics နဲ့ တခြား ဆိုက် ဘာနည်းပညာများ ပါရှိပါတယ်။

 

အရည်အချင်းပြည့်မီပြီးစိတ်ဝင်စားသူတွေအနေနဲ့ မိမိတို့စိတ်ဝင်စားတဲ့သက်ဆိုင်ရာဘာသာရပ်တွေကို လေ့လာ ဆည်းပူးဖို့အတွက် အမေရိကန်ရေတပ်က ဖော်ပြပေးထားတဲ့ မိတ်ဖက်တက္ကသိုလ်တွေစာရင်းထဲက တက္ကသိုလ် ၃ ခုအထိ ရွေးချယ်စာရင်းပေးဖို့ တိုက်တွန်းထားပါတယ်။

 

ကျူရှင်ခ၊ စာအုပ်ဖိုးတွေနဲ့ တခြားလိုအပ်မယ့် ပညာရေးအသုံးစရိတ်တွေကို ပညာသင်ဆုအစီအစဉ်က ထောက် ပံ့သွားမှာဖြစ်ပါတယ်။

 

ကျောင်းတက်နေတဲ့တပ်ဖွဲ့ဝင်အတွက် ပညာသင်ယူနေစဉ်ကာလတစ်လျှောက်လုံး ၎င်းတို့ရဲ့မိခင်တပ်ရင်းကနေ လစာနဲ့ ခရီးသွားစရိတ်လို ထပ်ဆောင်းကုန်ကျစရိတ်တွေကို ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်လ်နယ်ပယ်မှာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိ ကန်ရေတပ်ဟာ ဆိုက်ဘာစစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ နိုဝင်ဘာလအတွင်းက “ဆိုက်ဘာမူဝါဒ ကြေညာချက်” ကို ထုတ်ပြန်ခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆိုက်ဘာလုံခြုံရေးတည်ဆောက်မှုတွေကို အားဖြည့် ထောက်ပံ့နိုင်ဖို့အတွက် အမေရိကန်လေတပ်ကလည်း ဆိုက်ဘာလုံခြုံရေးလေ့လာမှုအစီအစဉ်တစ်ရပ်ကို ဖွင့် လှစ်ဆောင်ရွက်ခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ underserved communities တွေကို လေ့ကျင့်သင်ကြားပေးပြီး ဆိုက်ဘာလုံခြုံရေးပညာရှင် သစ်တွေ မွေးထုတ်ပေးနိုင်ဖို့်အတွက် အမေရိကန်ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အဦလုံခြုံရေး အေ ဂျင်စီကလည်း အကျိုး အမြတ်ရယူခြင်းရှိတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။

 

မှတ်ချက် (Underserved communities ဆိုတာ ပညာသင်ကြားခွင့်မရသူတွေ၊ နိုင်ငံရဲ့ရင်းမြစ်တွေကိုသုံးစွဲခွင့် မရတဲ့သူတွေ၊ ဥပမာ လူမှုစီးပွားရေးနယ်ပယ်မှာ ဖယ်ကျဉ်ခံရသူတွေ၊ အင်္ဂလိပ်ဘာသာစကားအားနည်းတဲ့သူ တွေ၊ နယ်စွန်နယ်ဖျားမှာနေထိုင်ပြီး ပညာရေးအလှမ်းဝေးသူတွေ၊ လူမည်းတွေ၊ ဌာနေရက်အင်ဒီးယန်းတိုင်းရင်း သားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းပုဂ္ဂိုလ်တွေ၊ ပညာရေးလမ်းကြောင်းပေါ် မရောက် သေးတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပါတယ်။)

 

Ref: Pentagon Opens Scholarship for US Navy Cybersecurity Specialists

 

#PeopleMedia


Share this post