• Follow Us on

Home စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕တြင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးအား အေရးယူေပးရန္ ဆႏၵျပေတာင္း ဆို

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕တြင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးအား အေရးယူေပးရန္ ဆႏၵျပေတာင္း ဆို

Share this post

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္ ငါးလံုးတင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးအား အေရးယူေပးရန္ ေဒသခံအခ်ဳိ႕ ေဖေဖာ္ဝါရီ ၂၆ ရက္ နံနက္ပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ငါးလုံးတင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးသည္ ရပ္ေက်းအုပ္ခ်ဴပ္ေရးမွဴးဥပေဒကို ေက်ာ္လြန္၍ လုပ္ကိုင္ ေဆာင္ရြက္ေနၿပီး ေက်းရြာမီးလင္းေရးကိစၥႏွင့္ပတ္သက္၍ စာရင္းရွင္းလင္းေပးမႈမရွိျခင္း ေက်းရြာဖြံ႕ၿဖိဳးေရး တံတားကို ၿပီးစီးေအာင္ ေဆာင္ရြက္မေပးျခင္းတို႔ေၾကာင့္ ငါးလုံးတင္ေက်းရြာအုပ္စုမွ ငလုံးတင္ေက်းရြာ ဆင္ေျမေက်းရြာ မထိသာေက်းရြာတို႔မွ ေဒသခံတခ်ိဳ႕မွ ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

“ရပ္ေက်းအုပ္ခ်ဳပ္ေရးဥပေဒကို ခ်ိဳးေဖာက္ၿပီး လုပ္ကိုင္ေနတဲ့အတြက္ ရပ္ရြာနစ္နာေနပါတယ္။ ၿမိဳ႕နယ္ကို တိုင္ေတာ့လည္း အေရးယူမေပးဘူး။ ဒါေၾကာင့္ ဒီေန႔ အခုလိုဆႏၵျပရတာပဲ”ဟု ဆႏၵျပပြဲဦးေဆာင္သူ ဦးႏိုင္ မိုးဦးမွ ေျပာသည္။

ယခုလို ဆႏၵျပေတာင္းဆိုေနမႈမ်ားႏွင့္ပတ္သက္၍ ေခ်ာင္းဦးၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးက “တံတားကိစၥက ၾကာပါၿပီ။ ကြၽန္ေတာ္တို႔ ႏွစ္ႀကိမ္ေတာင္စစ္ေဆးၿပီးပါၿပီ။ ေက်းရြာတံတားတည္ေဆာက္ေရးေကာ္မတီနဲ႔ ညႇိဳ ႏႈိင္းသုံးစြဲတယ္လို႔သိရပါတယ္။ ေနာက္တစ္ခုက စိုက္/ဘဏ္ ေခ်းေငြကိစၥေကာက္တယ္ဆိုတာကိုလည္း ကြၽန္ေတာ္တို႔အဖြဲ႕ ဖြဲ႕ၿပီး စစ္ေဆးေနပါတယ္”ဟု ၎မွေျပာသည္။

၎ေက်းရြာမွ တိုင္ၾကားထားသည့္ တိုင္ၾကားစာမွန္သမွ်ကို စုံခုံဖြဲ႕စစ္ေဆးလ်က္ရွိသည္ဟုလည္း ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးကဆိုသည္။ ဆႏၵျပသူမ်ားအေနျဖင့္ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးကို တစ္ပတ္အတြင္း အေရးယူမေပးပါက စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးေရွ႕တြင္ ထပ္မံဆႏၵျပေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဆန္ဒပြတောင်း ဆို
…………………………………………………………

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဒေသခံအချို့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငါးလုံးတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရပ်ကျေးအုပ်ချူပ်ရေးမှူးဥပဒေကို ကျော်လွန်၍ လုပ်ကိုင် ဆောင်ရွက်နေပြီး ကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ စာရင်းရှင်းလင်းပေးမှုမရှိခြင်း ကျေးရွာဖွံ့ဖြိုးရေး တံတားကို ပြီးစီးအောင် ဆောင်ရွက်မပေးခြင်းတို့ကြောင့် ငါးလုံးတင်ကျေးရွာအုပ်စုမှ ငလုံးတင်ကျေးရွာ ဆင်မြေကျေးရွာ မထိသာကျေးရွာတို့မှ ဒေသခံတချို့မှ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ချိုးဖောက်ပြီး လုပ်ကိုင်နေတဲ့အတွက် ရပ်ရွာနစ်နာနေပါတယ်။ မြို့နယ်ကို တိုင်တော့လည်း အရေးယူမပေးဘူး။ ဒါကြောင့် ဒီနေ့ အခုလိုဆန္ဒပြရတာပဲ”ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးနိုင် မိုးဦးမှ ပြောသည်။

ယခုလို ဆန္ဒပြတောင်းဆိုနေမှုများနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက “တံတားကိစ္စက ကြာပါပြီ။ ကျွန်တော်တို့ နှစ်ကြိမ်တောင်စစ်ဆေးပြီးပါပြီ။ ကျေးရွာတံတားတည်ဆောက်ရေးကော်မတီနဲ့ ညှို နှိုင်းသုံးစွဲတယ်လို့သိရပါတယ်။ နောက်တစ်ခုက စိုက်/ဘဏ် ချေးငွေကိစ္စကောက်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေပါတယ်”ဟု ၎င်းမှပြောသည်။

၎င်းကျေးရွာမှ တိုင်ကြားထားသည့် တိုင်ကြားစာမှန်သမျှကို စုံခုံဖွဲ့စစ်ဆေးလျက်ရှိသည်ဟုလည်း မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကဆိုသည်။ ဆန္ဒပြသူများအနေဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို တစ်ပတ်အတွင်း အရေးယူမပေးပါက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ထပ်မံဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

#PeopleMedia


Share this post