• Follow Us on

Home စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦး အသတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သည့် ကိုဝင်းထိန်နှင့် ကိုမောင်ဟန်တို့နှစ်ဦးတို့သည် သပြေချောင်းကျေးရွာအနီးတွင် သြဂုတ်လ ၁၈ ရက် ညနေပိုင်းက အသတ်ခံခဲ့ ရကြောင်း ယင်းကျေးရွာနေထိုင်သူများထံမှ သိရသည်။

 

အသတ်ခံရသူနှစ်ဦးမှာ ကပေါင်းကျကျေးရွာမှ လုပ်ငန်းအတွက် လိုအပ်သည့် စားသောက်ကုန်နှင့် ကုန်ပစ္စည်း များကို ကဒုမကျေးရွာသို့ သွားရောက်ဝယ်ယူခဲ့ပြီး၊ ပြန်လာစဉ် သပြေချောင်းအနီးတွင် အသတ်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုဝင်းထိန်နှင့် ကိုမောင်ဟန်တို့နှစ်ဦး သေဆုံးမှုနှင့်ပက်သက်ပြီး ကဒုမရဲစခန်းမှ စုံစမ်းစစ်ဆေးနေလျက်ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #တန့်ဆည်မြို့

 

(unicode)


………………………………………………………….

 


 


 


 


 

Photo – Credit

 



Share this post