• Follow Us on

Home စစ္မွန္သည့္ဖက္ဒရယ္ျပည္ေထာင္စု၊တန္းတူေရး စသည့္ စကားလုံးမ်ားေႂကြးေၾကာ္ၿပီး ေရြးေကာက္ပြဲ၌ ျပည္နယ္မ်ားသို႔ျပည္မပါတီႀကီးမ်ား ၀င္ျပဳိင္သည္မွာ မျဖစ္သင့္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီေျပာဆုိလုိက္ျပီ

စစ္မွန္သည့္ဖက္ဒရယ္ျပည္ေထာင္စု၊တန္းတူေရး စသည့္ စကားလုံးမ်ားေႂကြးေၾကာ္ၿပီး ေရြးေကာက္ပြဲ၌ ျပည္နယ္မ်ားသို႔ျပည္မပါတီႀကီးမ်ား ၀င္ျပဳိင္သည္မွာ မျဖစ္သင့္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီေျပာဆုိလုိက္ျပီ

Share this post

မႏၲေလး၊ ၾသဂုတ္ – ၁၁

စစ္မွန္သည့္ဖက္ဒရယ္ျပည္ေထာင္စု၊တန္းတူေရးစသည့္ စကားလုံးမ်ားေႂကြးေၾကာ္ၿပီး ေရြးေကာက္ပြဲ၌ ျပည္နယ္မ်ားသို႔ျပည္မပါတီႀကီးမ်ား ၀င္ျပဳိင္သည္မွာ မျဖစ္သင့္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ကေျပာပါတယ္။

လာမည့္ေရြးေကာက္ပြဲ၌ ျပည္နယ္မ်ား၌ ျပည္မပါတီမ်ား အသီးသီး ဝင္ေရာက္ယွဥ္ျပိဳင္မႈႏွင့္ပတ္သက္ျပီး People Media က ရခုိင္အမ်ဳိးသားပါတီထံ ဆက္သြယ္ေမးျမန္းရာ ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒၚေအးႏုစိန္က အထက္ပါအတုိင္းေျပာဆုိျခင္းျဖစ္ပါတယ္။

“စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုတို႔၊တန္းတူေရးတို႔ ဒါေတြကို ေႂကြးေၾကာ္ေနၿပီးေတာ့ ဒီျပည္မပါတီႀကီး ေတြဟာ တိုင္းရင္းသားနယ္ေျမေတြမွာ ၀င္ၿပီးေတာ့ ဒါေရြးခ်ယ္ခံတယ္ဆိုတာ စည္းလုံးညီၫြတ္မႈေတြ ကိုျဖဳိခြဲရာေရာက္တယ္။ ဒါမျဖစ္သင့္ဘူး’’ဟု ၎ကေျပာသည္။

ရခိုင္အမ်ိဳးသားပါတီသည္ ၂၀၂၀ေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္ မဲဆႏၵ ေနရာအားလုံး ဝင္ေရာက္ယွဥ္ ျပိဳင္ရန္ ျပင္ဆင္လ်က္ရွိသည္။

အလားတူ တုိက္ပြဲမ်ား ျဖစ္ေပၚေနသည့္ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသအားလုံးကုိလည္း ဝင္ေရာက္ယွဥ္ျပိဳ င္သြားမွာ ျဖစ္ပါတယ္။

“စစ္ေရးပဋိပကၡရွိတဲ့ေနရာေတြမွာ ၀င္ျပဳိင္ေတာ့ စိုးရိမ္မႈမရွိဘူးလို႔ေျပာရင္ေတာ့မုသားေျပာရာေရာက္လိမ့္ မယ္။စိုးရိမ္မႈေတာ့ရွိတယ္။ဘာလို႔လဲဆိုေတာ့ လူေတြဟာ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ေနရာ ရဖို႔ပါတီမွာ ေငြေရးေၾကးေရး စီစစ္ရတာတို႔ စသျဖင့္ကိုယ့္ဂုဏ္သိကၡာကအစ အရင္းအႏွီးေတြရွိတယ္။ မိုးမျပဳိ ျပဳိခဲ့သည္ရွိေသာ္ စိုးရိမ္မႈရွိတယ္။ မရွိဘူးေျပာရင္ညာတာပဲျဖစ္လိမ့္မယ္’’ဟု ၎ကေျပာသည္။

အလားတူ ရခုိင္အမ်ဳိးသားပါတီႏွင့္ ျပိဳင္ဘက္ပါတီျဖစ္လာသည့္ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီသည္ တုိက္ပြဲမ်ား ျဖစ္ေပၚေနသည့္ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမ်ားကုိ ဝင္ေရာက္ယွဥ္ျပိဳင္ရန္ မရွိပါ။

ရခုိင္ျပည္နယ္ မဲဆႏၵနယ္ေျမ အခ်ဳိ႕၌ ျပည္မ ပါတီမ်ားျဖစ္သည့္ USDP ပါတီ၊ NLD ပါတီတုိ႔က ဝင္ေရာက္ယွဥ္ျပိဳ င္သြားၾကမည္ျဖစ္သည္။

#PeopleMedia #2020election #NLD #USDP #ရခုိင္အမ်ဳိးသားပါတီ #ရခုိင္ဒီမုိကေရစီအဖြဲ႔ခ်ဳပ္

(unicode)
စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု၊တန်းတူရေး စသည့် စကားလုံးများကြွေးကြော်ပြီး ရွေးကောက်ပွဲ၌ ပြည်နယ်များသို့ပြည်မပါတီကြီးများ ဝင်ပြိုင်သည်မှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီပြောဆိုလိုက်ပြီ
………………………………………………………

မန္တလေး၊ ဩဂုတ် – ၁၁

စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု၊တန်းတူရေးစသည့် စကားလုံးများကြွေးကြော်ပြီး ရွေးကောက်ပွဲ၌ ပြည်နယ်များသို့ပြည်မပါတီကြီးများ ဝင်ပြိုင်သည်မှာ မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောပါတယ်။

လာမည့်ရွေးကောက်ပွဲ၌ ပြည်နယ်များ၌ ပြည်မပါတီများ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်ပြီး People Media က ရခိုင်အမျိုးသားပါတီထံ ဆက်သွယ်မေးမြန်းရာ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့၊တန်းတူရေးတို့ ဒါတွေကို ကြွေးကြော်နေပြီးတော့ ဒီပြည်မပါတီကြီး တွေဟာ တိုင်းရင်းသားနယ်မြေတွေမှာ ဝင်ပြီးတော့ ဒါရွေးချယ်ခံတယ်ဆိုတာ စည်းလုံးညီညွတ်မှုတွေ ကိုဖြိုခွဲရာရောက်တယ်။ ဒါမဖြစ်သင့်ဘူး’’ဟု ၎င်းကပြောသည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒ နေရာအားလုံး ဝင်ရောက်ယှဉ် ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အလားတူ တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအားလုံးကိုလည်း ဝင်ရောက်ယှဉ်ပြို င်သွားမှာ ဖြစ်ပါတယ်။

“စစ်ရေးပဋိပက္ခရှိတဲ့နေရာတွေမှာ ဝင်ပြိုင်တော့ စိုးရိမ်မှုမရှိဘူးလို့ပြောရင်တော့မုသားပြောရာရောက်လိမ့် မယ်။စိုးရိမ်မှုတော့ရှိတယ်။ဘာလို့လဲဆိုတော့ လူတွေဟာ ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်နေရာ ရဖို့ပါတီမှာ ငွေရေးကြေးရေး စီစစ်ရတာတို့ စသဖြင့်ကိုယ့်ဂုဏ်သိက္ခာကအစ အရင်းအနှီးတွေရှိတယ်။ မိုးမပြို ပြိုခဲ့သည်ရှိသော် စိုးရိမ်မှုရှိတယ်။ မရှိဘူးပြောရင်ညာတာပဲဖြစ်လိမ့်မယ်’’ဟု ၎င်းကပြောသည်။

အလားတူ ရခိုင်အမျိုးသားပါတီနှင့် ပြိုင်ဘက်ပါတီဖြစ်လာသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများကို ဝင်ရောက်ယှဉ်ပြိုင်ရန် မရှိပါ။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အချို့၌ ပြည်မ ပါတီများဖြစ်သည့် USDP ပါတီ၊ NLD ပါတီတို့က ဝင်ရောက်ယှဉ်ပြို င်သွားကြမည်ဖြစ်သည်။

#PeopleMedia #2020election #NLD #USDP #ရခိုင်အမျိုးသားပါတီ #ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်


Share this post