• Follow Us on

Home စစ်မှန်သောငြိမ်းချမ်းရေးသည် တိုင်ရင်းသားလူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး ကိုယ်ပိုင်ပြဠာန်းခွင့် ရရှိသည့်အချိန်မှသာဖြစ်နိုင်ကြောင်း KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးပြောကြား

စစ်မှန်သောငြိမ်းချမ်းရေးသည် တိုင်ရင်းသားလူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး ကိုယ်ပိုင်ပြဠာန်းခွင့် ရရှိသည့်အချိန်မှသာဖြစ်နိုင်ကြောင်း KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးပြောကြား

Share this post

ရန်ုကုန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

စစ်မှန်သော ငြိမ်းချမ်းရေးသည် တိုင်းရင်းသားလူမျိုးတိုင်းကို လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုအပြင် ကိုယ်ပိုင်ပြဠာန်းခွင့် အခွင့်အရေးများကို အပြည့်အဝရရှိသည့်အချိန်မှသာ ဖြစ်နိုင်ကြောင်း KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးက ပြောသည်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ကရင်အမျိုး သားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးမှ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

ထိုအခွင့်အရေးများကိုလည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဠာန်းထားရှိရန် လို အပ်ကြောင်း လက်ရှိအချိန်တွင် ရွေးကောက်ခံသူများအနေဖြင့် အစိုးရအဖွဲ့ မဖွဲ့စည်းနိုင်သည့်ကာလတွင် တိုင်းရင်းသားများနှင့် အစိုးရကြား တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ထို့အတွက် KNU မှ ရည်ရွယ်ချက်အတိုင်း ဦးတည်လုပ်ဆောင်လျှက်ရှိကြောင်း KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးမှ ပေးပို့သည့် သဝဏ်လွှာတွင် ပေးပို့ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယခုလက်ရှိအချိန်တွင် KNU နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအချို့မှ လက်နက်ဖြင့် တိုက်ပွဲဝင်ကြသည့် နည်းလမ်းများကို ရပ်ဆိုင်းထားပြီး အပစ်အခတ်ရပ်စဲကာ အစိုးရနှင့် ထိုအခွင့်အရေးများ အတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနေကြောင်း အပစ်အခတ်ရက်စဲခြင်းသည် ငြိမ်းချမ်းရေးကို ဧကန်အမှန် ရရိထားခြင်းမဟုတ်ကြောင်း KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးမှ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

#PeopleMedia #KNU

(unicode)
…………………………………………………………






#PeopleMedia #KNU


Share this post