• Follow Us on

Home စစ္သံု႔ပန္းမ်ားကို ေသနတ္ျဖင့္ အေသပစ္သတ္သည့္ဗီဒီယိုေၾကာင့္ အာေမးနီးယား-အဇာဘိုင္ဂ်န္တိုက္ပြဲမ်ားကို စစ္ရာဇဝတ္မႈ႐ွိ၊ မ႐ွိ စစ္ေဆးရန္႐ွိေန

စစ္သံု႔ပန္းမ်ားကို ေသနတ္ျဖင့္ အေသပစ္သတ္သည့္ဗီဒီယိုေၾကာင့္ အာေမးနီးယား-အဇာဘိုင္ဂ်န္တိုက္ပြဲမ်ားကို စစ္ရာဇဝတ္မႈ႐ွိ၊ မ႐ွိ စစ္ေဆးရန္႐ွိေန

Share this post

ဘာကူ၊ ေအာက္တိုဘာ ၂၄
အဇာဘိုင္ဂ်န္ႏွင့္အာေမးနီးယားလူမ်ိဳးမ်ားၾကား ပိုက္နက္အျငင္းပြားမႈေၾကာင့္တိုက္ပြဲမ်ားျဖစ္ေနသည့္ နာေဂၚႏို-ကာရာဘာ့ေဒသတြင္ စစ္ရာဇဝတ္မႈျဖစ္ႏိုင္သည့္ဗီဒီယိုမ်ားထြက္ေပၚလာသည္။
စာပို႔အက္ပလီေကး႐ွင္းမ်ားတြင္ပ်ံ႕ႏွံ႔ေနသည့္ဗီဒီယိုမ်ားတြင္ အာေမးနီးယားစစ္ဝတ္စံုဝတ္ဆင္ထားသူ ၂ ေယာက္ကို အဇာဘိုင္ဂ်န္တပ္ဖြဲ႔မ်ားကဖမ္းဆီးေခၚေဆာင္သြားျခင္းႏွင့္ လက္ေနာက္ပစ္ထား သည့္ထိုသံု႔ပန္းမ်ားကို ေသနတ္ျဖင့္အေသပစ္သတ္ျခင္းတို႔ပါဝင္ေနသည္။
ထိုႏွစ္ေယာက္မွာ အသက္ ၇၃ ႏွစ္႐ွိ ဘီနစ္ ဟာကိုဗ်န္ႏွင့္ အသက္ ၂၅ ႏွစ္႐ွိ ယူရီ အာဒါမ်န္ တို႔ျဖစ္ေၾကာင္း အာေမးနီးယားအာဏာပိုင္မ်ားက အတည္ျပဳၿပီး ထိုဗီဒီယိုမ်ားသည္ အတုမ်ားျဖစ္ေၾကာင္း အဇာဘိုင္ဂ်န္ဘက္ကေျပာသည္။
ဗီဒီယိုမ်ားရ႐ွိထားၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို စံုစမ္းေဖာ္ထုတ္သြားမည္ဟု ဥေရာပလူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔က ေျပာသည္။
အာေမးနီးယားလူမ်ိဳးမ်ားစီမံအုပ္ခ်ဳပ္ေနၿပီး အဇာဘိုင္ဂ်န္ပိုင္ဟုႏိုင္ငံတကာကသတ္မွတ္ထားသည့္နာေဂၚႏို-ကာရာဘာ့တြင္ စက္တင္ဘာ ၂၇ ရက္ကစတင္၍ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး ေအာက္တိုဘာ ၁၀ ရက္ႏွင့္ ၁၈ ရက္တို႔တြင္ အပစ္ရပ္ေၾကညာခဲ့ေသာ္လည္း တိုက္ပြဲမ်ားဆက္ျဖစ္ေနသည္။
ယခုတိုက္ပြဲမ်ားေၾကာင့္ လူေထာင္ခ်ီေသဆံုးသည္ဟုေျပာေနၾကၿပီး ဗံုးၾကဲျခင္းေၾကာင့္ ႏွစ္ဖက္စလံုးမွ အရပ္သားမ်ားေသဆံုးေနသည္။ တိုက္ပြဲမ်ားေၾကာင့္ လူေသာင္းခ်ီေဘးလြတ္ရာထြက္ေျပးေနၾကသည္။
Ref: Nagorno-Karabakh conflict: ‘Execution’ video prompts war crime probe
#PeopleMedia
(unicode)
စစ်သုံ့ပန်းများကို သေနတ်ဖြင့် အသေပစ်သတ်သည့်ဗီဒီယိုကြောင့် အာမေးနီးယား-အဇာဘိုင်ဂျန်တိုက်ပွဲများကို စစ်ရာဇဝတ်မှုရှိ၊ မရှိ စစ်ဆေးရန်ရှိနေ
………………………………………………………
ဘာကူ၊ အောက်တိုဘာ ၂၄
အဇာဘိုင်ဂျန်နှင့်အာမေးနီးယားလူမျိုးများကြား ပိုက်နက်အငြင်းပွားမှုကြောင့်တိုက်ပွဲများဖြစ်နေသည့် နာဂေါ်နို-ကာရာဘာ့ဒေသတွင် စစ်ရာဇဝတ်မှုဖြစ်နိုင်သည့်ဗီဒီယိုများထွက်ပေါ်လာသည်။
စာပို့အက်ပလီကေးရှင်းများတွင်ပျံ့နှံ့နေသည့်ဗီဒီယိုများတွင် အာမေးနီးယားစစ်ဝတ်စုံဝတ်ဆင်ထားသူ ၂ ယောက်ကို အဇာဘိုင်ဂျန်တပ်ဖွဲ့များကဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် လက်နောက်ပစ်ထား သည့်ထိုသုံ့ပန်းများကို သေနတ်ဖြင့်အသေပစ်သတ်ခြင်းတို့ပါဝင်နေသည်။
ထိုနှစ်ယောက်မှာ အသက် ၇၃ နှစ်ရှိ ဘီနစ် ဟာကိုဗျန်နှင့် အသက် ၂၅ နှစ်ရှိ ယူရီ အာဒါမျန် တို့ဖြစ်ကြောင်း အာမေးနီးယားအာဏာပိုင်များက အတည်ပြုပြီး ထိုဗီဒီယိုများသည် အတုများဖြစ်ကြောင်း အဇာဘိုင်ဂျန်ဘက်ကပြောသည်။
ဗီဒီယိုများရရှိထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်သွားမည်ဟု ဥရောပလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။
အာမေးနီးယားလူမျိုးများစီမံအုပ်ချုပ်နေပြီး အဇာဘိုင်ဂျန်ပိုင်ဟုနိုင်ငံတကာကသတ်မှတ်ထားသည့်နာဂေါ်နို-ကာရာဘာ့တွင် စက်တင်ဘာ ၂၇ ရက်ကစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး အောက်တိုဘာ ၁၀ ရက်နှင့် ၁၈ ရက်တို့တွင် အပစ်ရပ်ကြေညာခဲ့သော်လည်း တိုက်ပွဲများဆက်ဖြစ်နေသည်။
ယခုတိုက်ပွဲများကြောင့် လူထောင်ချီသေဆုံးသည်ဟုပြောနေကြပြီး ဗုံးကြဲခြင်းကြောင့် နှစ်ဖက်စလုံးမှ အရပ်သားများသေဆုံးနေသည်။ တိုက်ပွဲများကြောင့် လူသောင်းချီဘေးလွတ်ရာထွက်ပြေးနေကြသည်။
Ref: Nagorno-Karabakh conflict: ‘Execution’ video prompts war crime probe
#PeopleMedia


Share this post