• Follow Us on

Home ဘန္ေကာက္တြင္အေရးေပၚအေျခေနေၾကညာထားျခင္း ႐ုတ္သိမ္း

ဘန္ေကာက္တြင္အေရးေပၚအေျခေနေၾကညာထားျခင္း ႐ုတ္သိမ္း

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၂၂
ဘန္ေကာက္တြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲမ်ားကိုကိုင္တြယ္ေျဖ႐ွင္းရန္ ၿပီးခဲ့သည့္တပတ္ကေၾကညာခဲ့သည့္ အေရးေပၚအေျခအေနႏွင့္ အျခားအမိန္႔မ်ားကို ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာက ၾကာသပေတးေန႔တြင္ ႐ုတ္သိမ္းခဲ့သည္။
သို႔ေသာ္လည္း ၾကာသပေတးေန႔တြင္ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ရန္ဆႏၵျပပြဲမ်ားဆက္႐ွိခဲ့သည္။
၃ ရက္အတြင္း ပရာ႐ြတ္ႏုတ္ထြက္ၿပီး ဆႏၵျပေခါင္းေဆာင္မ်ားကို အေရးယူထားမႈရပ္ဆိုင္းပါက စုေ၀းဆႏၵျပမႈမ်ားပမာဏေလ်ာ့လာမည္ဟု ဗုဒၶဟူးေန႔တြင္ ဆႏၵျပသူမ်ားက ကတိျပဳခဲ့သည္။
ဗုဒၶဟူးေန႔ညတြင္ အေရးေပၚအေျခအေန႐ုတ္သိမ္းမည္ဟု ပရာ႐ြတ္ကကတိျပဳၿပီး အားလံုးအေနျဖင့္ ႏိုင္ငံေရးပဋိပကၡမွေျခတလွမ္းျပန္႐ုတ္ရန္ တိုက္တြန္းခဲ့ၿပီးေနာက္ ယခုျဖစ္ရပ္မ်ားဆက္ျဖစ္လာသည္။
သို႔ေသာ္ COVID-19 ေရာဂါအတြက္ အေရးေပၚအမိန္႔က်န္႐ွိေနေသးသည္။
အေရးေပၚအေျခအေနႏွင့္အျခားဆက္စပ္အမိန္႔မ်ားသက္ေရာက္မႈမ႐ွိေတာ့ေသာ္လည္း လူမႈကြန္ရက္တြင္ သတင္းမွားမ်ားျဖန္႔ခ်ိျခင္းကို ကြန္ျပဴတာျပစ္မႈဥပေဒျဖင့္ အေရးယူမည္ျဖစ္သည္ဟုသိရသည္။
ထိုင္းအစိုးရ၏လုပ္ရပ္ကို ထိုင္းအမ်ိဳးသာလူ႔အခြင့္အေရးေကာ္မ႐ွင္က ႀကိဳဆိုေၾကာင္း ၾကာသပေတးေန႔တြင္ေျပာသည္။
ႏိုင္ငံေရးပဋိပကၡကို လႊတ္ေတာ္တြင္ေျဖ႐ွင္းရန္ရည္႐ြယ္ေသာရပ္တည္ခ်က္ကိုလည္း ႀကိဳဆိုခဲ့သည္။
Ref : Prayut lifts state of emergency
#PeopleMedia
(unicode)
ဘန်ကောက်တွင်အရေးပေါ်အခြေနေကြေညာထားခြင်း ရုတ်သိမ်း
……………………………………………..
ဘန်ကောက်၊ အောက်တိုဘာ ၂၂
ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကိုကိုင်တွယ်ဖြေရှင်းရန် ပြီးခဲ့သည့်တပတ်ကကြေညာခဲ့သည့် အရေးပေါ်အခြေအနေနှင့် အခြားအမိန့်များကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ကြာသပတေးနေ့တွင် ရုတ်သိမ်းခဲ့သည်။
သို့သော်လည်း ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်နုတ်ထွက်ရန်ဆန္ဒပြပွဲများဆက်ရှိခဲ့သည်။
၃ ရက်အတွင်း ပရာရွတ်နုတ်ထွက်ပြီး ဆန္ဒပြခေါင်းဆောင်များကို အရေးယူထားမှုရပ်ဆိုင်းပါက စုဝေးဆန္ဒပြမှုများပမာဏလျော့လာမည်ဟု ဗုဒ္ဓဟူးနေ့တွင် ဆန္ဒပြသူများက ကတိပြုခဲ့သည်။
ဗုဒ္ဓဟူးနေ့ညတွင် အရေးပေါ်အခြေအနေရုတ်သိမ်းမည်ဟု ပရာရွတ်ကကတိပြုပြီး အားလုံးအနေဖြင့် နိုင်ငံရေးပဋိပက္ခမှခြေတလှမ်းပြန်ရုတ်ရန် တိုက်တွန်းခဲ့ပြီးနောက် ယခုဖြစ်ရပ်များဆက်ဖြစ်လာသည်။
သို့သော် COVID-19 ရောဂါအတွက် အရေးပေါ်အမိန့်ကျန်ရှိနေသေးသည်။
အရေးပေါ်အခြေအနေနှင့်အခြားဆက်စပ်အမိန့်များသက်ရောက်မှုမရှိတော့သော်လည်း လူမှုကွန်ရက်တွင် သတင်းမှားများဖြန့်ချိခြင်းကို ကွန်ပြူတာပြစ်မှုဥပဒေဖြင့် အရေးယူမည်ဖြစ်သည်ဟုသိရသည်။
ထိုင်းအစိုးရ၏လုပ်ရပ်ကို ထိုင်းအမျိုးသာလူ့အခွင့်အရေးကော်မရှင်က ကြိုဆိုကြောင်း ကြာသပတေးနေ့တွင်ပြောသည်။
နိုင်ငံရေးပဋိပက္ခကို လွှတ်တော်တွင်ဖြေရှင်းရန်ရည်ရွယ်သောရပ်တည်ချက်ကိုလည်း ကြိုဆိုခဲ့သည်။
Ref : Prayut lifts state of emergency

Share this post