• Follow Us on

Home ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္မွ တိုင္းရင္းသားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ရန္ ခိုင္ခိုင္မာမာရပ္တည္ေနလွ်က္ရွိသည္ ေျပာေနေသာ္လည္း လက္ေတြ႕တြင္ကြဲလြဲမႈမ်ားရွိေနဟု KSPP ဒုဥကၠ႒ေဒၚဒြဲဘူဆို

ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္မွ တိုင္းရင္းသားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ရန္ ခိုင္ခိုင္မာမာရပ္တည္ေနလွ်က္ရွိသည္ ေျပာေနေသာ္လည္း လက္ေတြ႕တြင္ကြဲလြဲမႈမ်ားရွိေနဟု KSPP ဒုဥကၠ႒ေဒၚဒြဲဘူဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၄ တိုင္းရင္းသားအခြင့္အေရးကာကြယ္ေစာင့္ေရွာက္ရန္ ခိုင္ခိုင္မာမာရပ္တည္ေနလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္အေနျဖင့္ ေျပာေနေသာ္လည္း တကယ့္လက္ေတြ႕တြင္ ေျပာဆိုမႈမ်ားႏွင့္ ကြဲလြဲမႈေတြ ရွိေနတယ္လို႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီဒုတိယဥကၠ႒ ေဒၚဒြဲဘူက ေျပာပါတယ္။ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္က ၎က လူမႈကြန္ယက္စာမ်က္နာမွ တစ္ဆင့္ မဲဆြယ္မႈေရးသားခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ယေန႔တြင္ NLD စတင္တည္ေထာင္ခ်ိန္မွစ၍ တိုင္းရင္းသားလူမ်ိဳးမ်ားရဲ႕ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ရန္ ခိုင္ခိုင္မာမာ ရပ္တည္လ်က္ရွိေၾကာင္း ေရးသားခ်က္အေပၚ ေဒၚဒြဲဘူက အထက္ပါအတိုင္း တုန္႔ျပန္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ “သမၼတႀကီးေျပာတာကေတာ့ ေျပာတာပဲရွိတယ္ေပါ့၊ တကယ္လက္ေတြ႕မွာ အေကာင္အထည္ မေဖာ္ႏိုင္ဘူး ေပါ့၊ ဒီငါးႏွစ္အတြင္း ကခ်င္မွာလည္း စစ္ပြဲေတြ ျဖစ္ခဲ့တယ္၊ ရွမ္းေျမာက္၊ ရခိုင္မွာလည္း ျဖစ္ခဲ့တယ္၊ ဒုကၡသည္ တိုင္းရင္းသားေတြလည္း သိန္းနဲ႔ခ်ီၿပီး ရွိခဲ့တယ္၊ ဒီနယ္ေျမေတြက ျပႆနာေတြကို အားလံုးကို သူတစ္ေယာက္ထဲ မေျဖရွင္းႏိုင္ဘူးေပါ့၊ သို႔ေသာ္ ေရာက္ၿပီး လာအားေပးခဲ့တာေတာင္ မရွိခဲ့ပါဘူး”ဟု ေဒၚဒြဲဘူက ဆိုပါတယ္။ ႏိုင္ငံေတာ္သမၼတ၏ တိုင္းရင္းသားမ်ား၏ အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္ရန္ရွိေနသည္ဟုဆိုေသာ္ လည္း NLD အစိုးရအဖြဲ႕၏ ၅ ႏွစ္အတြင္း ေဆာင္ရြက္ခ်က္မ်ားကိုျပည္သူမ်ားသာလွ်င္အသိဆုံးျဖစ္ေၾကာင္း ေဒၚဒြဲဘူက ဆိုပါတယ္။ “NLD ပါတီက ကခ်င္လူမ်ိဳး NLD ပါတီ၀င္ေတြကလည္း ပါတီစကားပဲ နားေထာင္ၿပီး ကိုယ္တိုင္းရင္းသားလူမ်ိဳး ကိစၥေတြကို အေရးမလုပ္ခဲ့ဘူး၊ တိုင္းရင္းသားေဒသေတြ NLD အစိုးရ ဒီငါးႏွစ္မွာ ဘာလုပ္ခဲ့လည္းဆိုတာ ျပည္သူေတြအသိဆံုး ျဖစ္ပါတယ္” ေဒၚဒြဲဘူက ေထာက္ျပေျပာဆိုပါတယ္။ ႏိုင္ငံေတာ္သမၼတ၏ လူမႈကြန္ယက္တြင္ မဲဆြယ္မႈေရးသားခ်က္မ်ားႏွင့္ပတ္သက္၍လည္း ယေန႔တိုင္ ႏိုင္ငံေရး ပါတီ ေခါင္းေဆာင္မ်ားႏွင့္ တိုင္းရင္းသားပါတီမ်ားၾကားတြင္ ေဝဖန္မႈမ်ားျဖစ္ေပၚေနလ်က္ရွိသည္။
#PeopleMedia (unicode) နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရန် ခိုင်ခိုင်မာမာရပ်တည်နေလျှက်ရှိသည် ပြောနေသော်လည်း လက်တွေ့တွင်ကွဲလွဲမှုများရှိနေဟု KSPP ဒုဥက္ကဋ္ဌဒေါ်ဒွဲဘူဆို ……………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၂၄

တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရန် ခိုင်ခိုင်မာမာရပ်တည်နေလျက်ရှိကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်အနေဖြင့် ပြောနေသော်လည်း တကယ့်လက်တွေ့တွင် ပြောဆိုမှုများနှင့် ကွဲလွဲမှုတွေ ရှိနေတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်းက လူမှုကွန်ယက်စာမျက်နာမှ တစ်ဆင့် မဲဆွယ်မှုရေးသားချက်များနှင့် ပတ်သက်ပြီး ယနေ့တွင် NLD စတင်တည်ထောင်ချိန်မှစ၍ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိကြောင်း ရေးသားချက်အပေါ် ဒေါ်ဒွဲဘူက အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“သမ္မတကြီးပြောတာကတော့ ပြောတာပဲရှိတယ်ပေါ့၊ တကယ်လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ဘူး ပေါ့၊ ဒီငါးနှစ်အတွင်း ကချင်မှာလည်း စစ်ပွဲတွေ ဖြစ်ခဲ့တယ်၊ ရှမ်းမြောက်၊ ရခိုင်မှာလည်း ဖြစ်ခဲ့တယ်၊ ဒုက္ခသည် တိုင်းရင်းသားတွေလည်း သိန်းနဲ့ချီပြီး ရှိခဲ့တယ်၊ ဒီနယ်မြေတွေက ပြဿနာတွေကို အားလုံးကို သူတစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူးပေါ့၊ သို့သော် ရောက်ပြီး လာအားပေးခဲ့တာတောင် မရှိခဲ့ပါဘူး”ဟု ဒေါ်ဒွဲဘူက ဆိုပါတယ်။

နိုင်ငံတော်သမ္မတ၏ တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်ရှိနေသည်ဟုဆိုသော် လည်း NLD အစိုးရအဖွဲ့၏ ၅ နှစ်အတွင်း ဆောင်ရွက်ချက်များကိုပြည်သူများသာလျှင်အသိဆုံးဖြစ်ကြောင်း ဒေါ်ဒွဲဘူက ဆိုပါတယ်။

“NLD ပါတီက ကချင်လူမျိုး NLD ပါတီဝင်တွေကလည်း ပါတီစကားပဲ နားထောင်ပြီး ကိုယ်တိုင်းရင်းသားလူမျိုး ကိစ္စတွေကို အရေးမလုပ်ခဲ့ဘူး၊ တိုင်းရင်းသားဒေသတွေ NLD အစိုးရ ဒီငါးနှစ်မှာ ဘာလုပ်ခဲ့လည်းဆိုတာ ပြည်သူတွေအသိဆုံး ဖြစ်ပါတယ်” ဒေါ်ဒွဲဘူက ထောက်ပြပြောဆိုပါတယ်။

နိုင်ငံတော်သမ္မတ၏ လူမှုကွန်ယက်တွင် မဲဆွယ်မှုရေးသားချက်များနှင့်ပတ်သက်၍လည်း ယနေ့တိုင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီများကြားတွင် ဝေဖန်မှုများဖြစ်ပေါ်နေလျက်ရှိသည်။

#PeopleMedia


Share this post