• Follow Us on

Home ဆင္းရဲတဲ့ႏုိင္ငံက ဘုရင္တစ္ပါး မိန္းမ ၁၃ ေယာက္အတြက္ အဖိုးတန္ ကားမ်ား၀ယ္ေပး

ဆင္းရဲတဲ့ႏုိင္ငံက ဘုရင္တစ္ပါး မိန္းမ ၁၃ ေယာက္အတြက္ အဖိုးတန္ ကားမ်ား၀ယ္ေပး

Share this post

အာဖရိကေတာင္ပိုင္း ကုန္တြင္းပိတ္ႏုိင္ငံငယ္ေလးတစ္ခုျဖစ္တဲ့ အက္ဆြာတနီ(ဆြာဇီလန္)ရဲ႕ တတိယ ေျမာက္ဘုရင္ ဆြာတီဟာ ၄င္းရဲ႕ဇနီး ၁၃ ေယာက္အတြက္ Rolls Royces ကား ၁၃ စီး၀ယ္ယူေပးတဲ့ သတင္းဟာ လူမူကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္။

အက္ဆြာတနီေခၚ ဆြာဇီလန္ႏုိင္ငံဟာ ဆင္းရဲတဲ့ႏိုင္ငံငယ္ေလးျဖစ္ၿပီး ႏိုင္ငံသားေတြရဲ႕ ဘ၀သက္တမ္းဟာ ၅၇ ႏွစ္နဲ႔ ကမၻာ့ႏုိင္ငံမ်ားရဲ႕ က်န္းမာေရးမွတ္တမ္းမွာ လူသက္တမ္းအတိုဆံုးႏုိင္ငံေတြထဲတစ္ႏုိင္ငံလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ကမၻာ့ဘဏ္ရဲ႕ အဆိုအရ အက္ဆြာတနီႏုိင္ငံသား ၄၀ ရာခိုင္ႏႈန္း၀န္းက်င္ရဲ႕ တစ္ေန႔၀င္ေငြဟာ ၁.၉၀ ေဒၚလာေအာက္သာရွိတယ္လို႔ သိရပါတယ္။

အခုလို ျပည္သူေတြဆင္းရဲမြဲေတေနခ်ိန္မွာ ဘုရင္ျဖစ္သူက မိန္းမ ၁၃ ေယာက္အတြက္ အဖိုးတန္ကားေတြ ၀ယ္ေပးတဲ့အတြက္ေၾကာင့္ ေ၀ဖန္ေျပာဆိုမႈေတြရွိေနခဲ့ပါတယ္။

Ref; https://www.ghgossip.com/

#PeopleMedia #International

(Unicode)
ဆင်းရဲတဲ့နိုင်ငံက ဘုရင်တစ်ပါး မိန်းမ ၁၃ ယောက်အတွက် အဖိုးတန် ကားများဝယ်ပေး
……………………………………………………………

အာဖရိကတောင်ပိုင်း ကုန်တွင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ အက်ဆွာတနီ(ဆွာဇီလန်)ရဲ့ တတိယ မြောက်ဘုရင် ဆွာတီဟာ ၄င်းရဲ့ဇနီး ၁၃ ယောက်အတွက် Rolls Royces ကား ၁၃ စီးဝယ်ယူပေးတဲ့ သတင်းဟာ လူမူကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လျက်ရှိနေပါတယ်။

အက်ဆွာတနီခေါ် ဆွာဇီလန်နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံငယ်လေးဖြစ်ပြီး နိုင်ငံသားတွေရဲ့ ဘဝသက်တမ်းဟာ ၅၇ နှစ်နဲ့ ကမ္ဘာ့နိုင်ငံများရဲ့ ကျန်းမာရေးမှတ်တမ်းမှာ လူသက်တမ်းအတိုဆုံးနိုင်ငံတွေထဲတစ်နိုင်ငံလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ အက်ဆွာတနီနိုင်ငံသား ၄၀ ရာခိုင်နှုန်းဝန်းကျင်ရဲ့ တစ်နေ့ဝင်ငွေဟာ ၁.၉၀ ဒေါ်လာအောက်သာရှိတယ်လို့ သိရပါတယ်။

အခုလို ပြည်သူတွေဆင်းရဲမွဲတေနေချိန်မှာ ဘုရင်ဖြစ်သူက မိန်းမ ၁၃ ယောက်အတွက် အဖိုးတန်ကားတွေ ဝယ်ပေးတဲ့အတွက်ကြောင့် ဝေဖန်ပြောဆိုမှုတွေရှိနေခဲ့ပါတယ်။

Ref; https://www.ghgossip.com/

#PeopleMedia #International


Share this post