• Follow Us on

Home ဆမ်ဆောင်းကုမ္ပဏီအကြီးအကဲ ထောင် ၂ နှစ်ခွဲကျခံရ

ဆမ်ဆောင်းကုမ္ပဏီအကြီးအကဲ ထောင် ၂ နှစ်ခွဲကျခံရ

Share this post

ဆိုးလ်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တောင်ကိုရီးယားနိုင်ငံမှ ဆမ်ဆောင်းစီးပွားရေးလုပ်ငန်းစု၏နောက်ကွယ်မှအကြီးအကဲ လီဂျဲယောင် ကို တနင်္လာနေ့တွင် လာဘ်ပေးလာဘ်ယူမှုအကြီးအကျယ်ပြုလုပ်ရာတွင်ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲကျခံရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။
ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းနှင့်မှတ်ဉာဏ်ချစ်ပ်ပြားများထုတ်လုပ်သည့်ကုမ္ပဏီ ဆမ်ဆောင်းအီလက်ထရောနစ်၏ ဒုတိယဥက္ကဋ္ဌ လီ သည် သမ္မတ ပတ်ဂွန်ဟေး ကို ရာထူးမှနုတ်ထွက်ပြီး ထောင်ဒဏ်ကျခံရစေသည့် အရှုပ် တော်ပုံနှင့်ဆက်စပ်ပြီး အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
လီက စိတ်ဆန္ဒအရ လာဘ်ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းစုကြီးတွင် သူချောမွေ့စွာရာထူးဆက်ခံနိုင်စေရေး ကူညီစေရန် သမ္မတကိုတောင်းဆိုခဲ့သည်ဟု ဆိုးလ်ဗဟိုခရိုင်တရားရုံးက အမိန့်စာတွင်ထည့်သွင်းပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံ၏ထိပ်တန်းနှင့် ကမ္ဘာ့အတွက်ဂုဏ်ယူရသည့်ဖန်တီးတီထွင်မှုကုမ္ပဏီ ဆမ်ဆောင်းသည် နိုင်ငံရေးအာဏာအပြောင်းအခဲဖြစ်တိုင်း မှုခင်းများတွင်ပါဝင်နေခြင်းသည် ကံမကောင်းခြင်းဖြစ်သည်ဟု လည်းပြောသည်။
အစောပိုင်းတွင် တရားခွင်သို့ မခံချိမခံသာမျက်နှာဖြင့် နှာခေါင်းစည်းတပ်ပြီးဝင်သွားသည့်လီက သတင်း ထောက်များ၏မေးခွန်းကို တစုံတရာဖြေကြားခြင်းမရှိဘဲ ချက်ချင်းထိန်းသိမ်းခံလိုက်ရသည်။
လီ၏ဖခင်ဖြစ်သူက နှစ်ပေါင်းများစွာကြာအောင် အိပ်ရာထဲလဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် နှလုံးရောဂါဖြင့်သေဆုံးခဲ့ပြီးနောက် လုပ်ငန်းခွဲပေါင်းများစွာရှိသည့်ဆမ်ဆောင်းကုမ္ပဏီ၏ အကြီးအကဲ ဖြစ်လာသည်။
ယခုအမိန့်ကြောင့် ဆမ်ဆောင်း၏အနာဂတ်တွင် အကြီးစားရင်းနှီးမြှုပ်နှံမှုများအတွက် ဆုံးဖြတ်ချက်များ ပြုလုပ်ရာ၌ အနှောင့်အယှက်ဖြစ်နိုင်သည့် ခေါင်းဆောင်မှုလစ်လပ်နေနိုင်ကြောင်း ကျွမ်းကျင်သူများကပြော သည်။
Ref : Samsung chief jailed for 2.5 years over corruption scandal
#PeopleMedia
(unicode)
…………………………………………
Ref : Samsung chief jailed for 2.5 years over corruption scandal

Share this post