• Follow Us on
Latest News

Home ဆရာတော် ဦးဝီရသူကိုရုံးထုတ်ပေးရေး တောင်းဆိုခဲ့သည့် သံဃာနှစ်ပါးနှင့် လူလေးဦးကို တရားရုံးက ဒဏ်ငွေနှစ်သောင်းစီချမှတ်

ဆရာတော် ဦးဝီရသူကိုရုံးထုတ်ပေးရေး တောင်းဆိုခဲ့သည့် သံဃာနှစ်ပါးနှင့် လူလေးဦးကို တရားရုံးက ဒဏ်ငွေနှစ်သောင်းစီချမှတ်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဆရာတော်ဦးဝီရသူကို ရုံးထုတ်ပေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ တောင်းဆိုခဲ့တဲ့ သံဃာ နှစ်ပါးနှင့် လူလေးဦးကို လမ်းမတော်မြို့နယ်တရားရုံးက ဒဏ်ငွေနှစ်သောင်းကျပ်စီ ချမှတ်ခဲ့တယ်လို့ ဆရာ တော် ဦးတေဇာဝန္တက People Media ကို မိန့်ပါတယ်။

အမျိုးသားရေးတတ်ကြွလှုပ်ရှားရေးအဖွဲ့မှ ဆရာတော် ဦးတေဇာဝန္တ ပြောကြားချက်အရ “မနေ့က လမ်းမတော် တရားရုံးမှာ ဒဏ်ငွေနှစ်သောင်း ဆောင်ခိုင်းတယ်၊ ဒဏ်ငွေ နှစ်သောင်း မဆောင်ရင် ထောင် ၁၅ ရက်ကြမယ်၊ အဲ့ဒါကြောင့်မို့ ဦးဇင်းတို့ ဒဏ်ငွေဆောင်လိုက်တယ်” လို့ မိန့်ပါတယ်။

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ သံဃာနှစ်ပါးမှာတော့ ဦးတေဇာဝန္တနဲ့ ဦးပညာဝံသတို့ဖြစ်ပြီး၊ လူလေးဦးမှာတော့ ကိုသက်မျိုးဦး၊ ကိုထွန်းကျော်၊ ကိုမင်းမင်းနဲ့ ကိုစိုးပိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဦးဝီရသူကို ရုံးထုတ်စစ်ဆေးဖို့အတွက် အင်းစိန်ထောင်ရှေ့မှာ ဆန္ဒပြခဲ့တဲ့ အမျိုးသားရေးတတ်ကြွလှုပ်ရှားရေးအဖွဲ့မှ ဦးအဂ္ဂတဇ၊ ဦးပညာဝံသ၊ ဦးသက်မျိုးတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ(၂၀) နဲ့ တရားဆွဲထားပြီး၊ ဦးဝင်းဌေးကိုတော့ ငြိမ်းစုစီဥပဒေပုဒ်မ (၂၀)၊ ငြိမ်းစုစီဥပဒေပုဒ်မ(၃၃၅) တို့နဲ့ တရားဆွဲဆိုထားပါတယ်။

#PeopleMedia #ဦးဝီရသူ

(unicode)
………………………………………………………








Share this post