• Follow Us on

Home ဆိုင်ကယ်ဖြင့် လမ်းဘေးကျောက်စီရေမြောင်းကို ဝင်တိုက်မိရာမှ လူတစ်ဦး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံး

ဆိုင်ကယ်ဖြင့် လမ်းဘေးကျောက်စီရေမြောင်းကို ဝင်တိုက်မိရာမှ လူတစ်ဦး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံး

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂၄ (People Media)

 

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် လမ်းဘေးကျောက်စီရေမြောင်းကို ဝင်တိုက်မိ ရာမှ ဦးခေါင်းကြေမွဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့သည့်ဖြစ်စဉ် ယမန်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

 

အဆိုပါသေဆုံးမှုမှာ စီတာပူရပ်ကွက် ပန်စွန်လမ်းကြားတွင် ယမန်နေ့ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်ပိုင်းမှသာ သေဆုံးသူကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့သိရတာက မနေ့ညက (၁၀) နာရီလောက်မှာ လမ်းကြားကို ဆိုင်ကယ်တစ်စီး အရှိန်နဲ့ဖြတ်သွား တဲ့အသံကြားပြီး မကြာဘူး အသံတစ်ခုကြားလိုက်တယ် အရေးမကြီးဘူးထင်ပြီး ဘာဖြစ်တယ်ဆိုတာ ထွက် မကြည့်ခဲ့ကြဘူး၊ ဒီနေ့မနက်မှ လူတစ်ယောက် ဆိုင်ကယ်မှောက်ပြီး သေဆုံးနေတာကိုတွေ့ရတယ်” ဟု ဖြစ်စဉ်ဖြစ်ပွားရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ သေဆုံးသူမှာ တပ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် ကိုမုန်လောဒ့်အောင်ဆို သူဖြစ်ပြီး ယနေ့မနက်ပိုင်းတွင် ၎င်း၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ဗညားနွဲ့(EPN)

 

Photo – လူမှုကူညီရေး

 

#PeopleMedia #EPN

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post