• Follow Us on

Home ထိုင်ဝမ်နိုင်ငံ အရေးပေါ်အခြေအနေရောက်လာပါက တုံ့ပြန်နိုင်ရန်အတွက် အမေရိကန်နှင့် ဂျပန် ပူးတွဲစစ်ဆင် ရေးစီမံချက်တစ်ရပ် ရေးဆွဲ

ထိုင်ဝမ်နိုင်ငံ အရေးပေါ်အခြေအနေရောက်လာပါက တုံ့ပြန်နိုင်ရန်အတွက် အမေရိကန်နှင့် ဂျပန် ပူးတွဲစစ်ဆင် ရေးစီမံချက်တစ်ရပ် ရေးဆွဲ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄ (People Media)

 

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများမြင့်တက်နေစဉ်အတွင်း ဂျပန်တပ်မတော်နှင့် အ မေရိကန်တပ်မတော်တို့သည် ထိုင်ဝမ်နိုင်ငံအတွက် အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်လာပါက တုံံ့ပြန် နိုင်ရန် ပူးတွဲစစ်ဆင်ရေးစီမံချက်မူကြမ်းကို ရေးဆွဲလိုက်ကြောင်း ဂျပန်ကျိုဒိုသတင်းဌာနကဖော်ပြလိုက်သည်။

 

စစ်ဆင်ရေးစီမံချက်အရ ထိုင်ဝမ်နိုင်ငံအရေးပေါ်အခြေအနေကျရောက်လာပါက ဂျပန်နိုင်ငံ၏ အဓိကကျွန်းကြီး လေးကျွန်းတွင်အပါအဝင်ဖြစ်သည့် ကျူရှူးကျွန်းမှ ဖြာထွက်လာသည့် နန်စီးကျွန်းပေါ်ရှိ ယာယီစစ်အခြေစိုက်စ ခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်ဂျပန်အစိုး ရသတင်းရင်းမြစ်များကိုကိုးကား၍ ကျိုဒိုသတင်းဌာနက ပြောသည်။

 

ဂျပန်လက်နက်ကိုင်တပ်ဖွဲ့များက ယင်းဒေသများသို့ ခဲယမ်းများနှင့် လောင်စာဆီများကဲ့သို့ လော်ဂျစ်စတစ် ထောက်ပံ့မှုများ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနက ပြောသည်။

 

ထိုင်ဝမ်၏ ကိုလိုနီအုပ်ချုပ်သူဟောင်းဖြစ်ခဲ့သော ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်နှစ်အစောပိုင်း ကာလတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံပွဲ (“2+2” meeting) ကျင်းပပြီး နောက် တရားဝင်စီမံချက်ကို စတင်ရေးဆွဲရန် သဘောတူညီချက်ရရှိမည်ဟု မျှော်လင့်ထားကြသည်။ ယင်းကိစ္စ  နှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှအရာရှိများကို မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

ဒီမိုကရက်တစ်နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရအုပ်ချုပ်နေသည့် ထိုင်ဝမ်နိုင်ငံကို တရုတ်နိုင်ငံက ၎င်းပိုင်နယ်နိမိတ်အဖြစ်သေဘာထားနေပြီး လွန်ခဲ့သည့်နှစ်နှစ်အတွင်း ထိုင်ဝမ်နိုင်ငံကို စစ်ရေး အရရော သံတမန်နည်းလမ်းအရပါ တရုတ်နိုင်ငံနှင့်ပူးပေါင်းရန် ဖိအားပေးလျက်ရှိသည်။

 

တရုတ်နိုင်ငံ၏ လုပ်ရပ်ကြောင့် ထိုင်ဝမ်နိုင်ငံက ဒေါသထွက်နေပြီး အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိသည်။ ထိုင်ဝမ်အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသော်လည်း လိုအပ်ပါက မိမိနိုင်ငံမိမိ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ပြောသည်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လာပါက ဂျပန်နှင့် အမေရိကန်က ရပ်ကြည့်နေမည်မ ဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ယခုလအစောပိုင်းက ပြောသည်။

 

ထိုင်ဝမ်နိုင်ငံနှင့် ကပ်လျက်တည်ရှိနေသော ဂျပန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ထောင်သောင်းချီ၍ တပ် ဖြန့်ချထားခြင်းကိုထောက်ရှုလျှင် ထိုင်ဝမ်အရေးအခင်းတွင် ဂျပန်နိုင်ငံသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါ ဝင်နေကြောင်း အမည်မဖော်လိုသည့်အမေရိကန်အရောရှိများက ပြောသည်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်ထောက်ပံ့မှုအတွက် အလွန်အရေးကြီး သောထိုင်ဝမ်နိုင်ငံမှ လေယာဉ်ခရီးစဉ်ဖြင့် အချိန်တိုအတွင်းရောက်ရှိနိုင်သော တောင်ပိုင်း အိုကီနာဝါကျွန်းပါအ ဝင် ဂျပန်နိုင်ငံသည် အမေရိကန်အခြေစိုက်စစ်စခန်းများအတွက် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

ကမ္ဘာပေါ်ရှိအခြားနိုင်ငံများကဲ့သို့ အမေရိကန်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်လျှင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုလက်ခံထားသည့်နိုင်ငံဖြစ်သော်လည်း ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းအများဆုံး ပံ့ပိုး ကူညီနေသည့် မဟာမိတ်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်နိုင်ငံကို စစ်ရေးအရအကူအညီပေးရန် ဥပဒေပြဋ္ဌာန်းထားသည့် နိုင်ငံလည်းဖြစ်သည်။

 

Ref: US and Japan draw up joint military plan in case of Taiwan emergency – report

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: US and Japan draw up joint military plan in case of Taiwan emergency – report

 

#PeopleMedia


Share this post