• Follow Us on

Home ဆွီဒင်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခန့်အပ်ခံရပြီးနောက် နာရီပိုင်းအတွင်း ရာထူးမှ နုတ်ထွက်

ဆွီဒင်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခန့်အပ်ခံရပြီးနောက် နာရီပိုင်းအတွင်း ရာထူးမှ နုတ်ထွက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)

 

ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ်သူ Magdalena Andersson သည် ဆွီဒင်ပါလီမန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် ရွေးကောက်တင်မြှောက်ခံရပြီးနောက် မကြာမီမှာပင် လူ နည်းစုညွန့်ပေါင်းအစိုးရကို ဦးဆောင်ရန် ခက်ခဲကြမ်းတမ်းသော အနေအထားအဖြစ် ရင်ဆိုင်ခဲ့ရခြင်းနှင့်အတူ  ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအကြာတွင် ပါလီမန် (Riksdag) သည် အတိုက်အခံ ၏ ဘတ်ဂျက်အဆိုပြုချက်အား ထောက်ခံခဲ့ရာ Andersson ၏ညွန့်ပေါင်းအစိုးရမိတ်ဖက် Green Party ၏ အစိုးရအပေါ်ထောက်ခံမှုအား ရပ်တန့်ရန်  လှုံ့ဆော်သကဲ့သို့ဖြစ်ခဲ့ရသည်။ ယင်းဖြစ်ရပ်က Andersson အား ရာထူးမှ နုတ်ထွက်မှုကြေညာရန် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ရသည်။

 

နိုဝင်ဘာ ၂၄ ရက်  အဖြစ်အပျက်များသည် ၂၀၁၈ ရွေးကောက်ပွဲ၏ အကျုံးမဝင်သော ရလဒ်တစ်ခုဖြစ်ပြီး အချို့သော ပါတီများသည် ၎င်းတို့၏ဆန့်ကျင်ဘက် အတိုက်အခံများကို တစ်စုံတစ်ရာသြဇာလွှမ်းမိုးမှုမှ တား ဆီးရန် ၎င်းတို့အာဏာရှိသမျှ ဆောင်ရွက်မှုဖြစ်ပြီး နိုင်ငံရေးအခင်းအကျင်းတွင် အစိုးရတစ်ရပ်ကို ရှာဖွေရန် ကြာမြင့်သော လုပ်ငန်းစဉ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

 

နှိုင်းယှဉ်ကြည့်လျှင် Andersson သည် ရွေးကောက်ပွဲတွင် ပေါ့ပေါ့ပါးပါးဖြတ်ကျော်ခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရန် ၎င်းအားထောက်ခံမဲမပေးသော လွှတ်တော်ဥပဒေပြုအမတ် ၃၄၉ ဦးအနက် လွှတ်တော်အမတ် အများစု ထောက်ခံမှု ရရှိရန်သာ လိုအပ်ခဲ့သည်။ ဥပဒေပြုအမတ် ၁၁၇ ဦးက ၎င်းအား ထောက်ခံခဲ့သော်လည်း၊ ၁၇၄ ဦး က ငြင်းပယ်ခဲ့ပြီး  ၅၇ ဦးက မဲမပေးဘဲနေခဲ့ကြောင်း သိရသည်။ တစ်ဦးမှာမူ  ပျက်ကွက်ခဲ့သည်။

 

Andersson ၏ ရွေးကောက်ပွဲသည် ပြဿနာများဖြစ်ပေါ်မလာစေရန်အတွက် အဆင်းရဲဆုံးပင်စင်စား ၇၀၀, ၀၀၀ ခန့်၏ ပင်စင်လစာများတိုးပေးရန် တောင်းဆိုခဲ့သည့် လက်ဝဲပါတီနှင့်အတူ ၁၁ နာရီကြာ သဘောတူညီ ချက်တစ်ခု လိုက်နာခဲ့သည်။

 

သို့သော်လည်း နောက်ပိုင်းတွင် အာဏာရညွန့်ပေါင်းအဖွဲ့၏ ဘတ်ဂျက်အဆိုပြုချက်က အလယ်အလတ်ပါတီ၊ ဆွီဒင်ဒီမိုကရက်များပါတီနှင့် ခရစ်ယာန်ဒီမိုကရက်များပါတီတို့ ပူးပေါင်းအဆိုပြုထားသည့် ဘတ်ဂျက်ကို ချေ ဖျက်ခဲ့ကြောင်း သိရသည်။

 

၎င်းအချက်ကြောင့် လူဝင်မှုကြီးကြပ်ရေးအားဆန့်ကျင်သည့် ဆွီဒင် ဒီမိုကရက်များအားဖယ်ထုတ်ရန် ကြိုးပမ်းမှု အဖြစ် Andersson  ကို ဝန်ကြီးချုပ်အဖြစ် လက်ခံခဲ့သည့် Center Party က အစိုးရ၏ ဘတ်ဂျက် အဆိုပြု ချက်ကို မဲမထည့်ရန် ဆုံးဖြတ်စေခဲ့ပြီ၊ Center Party ကို ပြေလည်စေရန် အစိုးရဘက်မှ နှစ်သိမ့်ခဲ့သော်လည်း ယင်းသဘောတူညီချက်သည် လက်ဝဲဘက်သို့ယိမ်းယိုင်လွန်းသည်ဟု ရှုမြင်ခဲ့ကြကြောင်း သိရသည်။

 

ဝန်ကြီးချုပ်ဟောင်း Stefan Lofven လက်ထက်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက တာဝန် ထမ်းဆောင်ခဲ့သည့် Andersson က အတိုက်အခံများ၏ ဘတ်ဂျက်ဖြင့်ပင် တိုင်းပြည်ကို ဦးဆောင်နိုင်သည်ဟု ပြောကြားခဲ့ပြီး အသေးအဖွဲပြင်ဆင်မှုများသာ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းနှင့် Green Party ကြား သဘောထားကွဲလွဲခဲ့သည်။

 

ပါလီမန်သည် အတိုက်အခံများ၏ ဘတ်ဂျက်ကို အတည်ပြုပြီးနောက်တွင် ဆွီဒင်ဒီမိုကရက်များ ညှိနှိုင်းထား သော ဘတ်ဂျက်အား မထောက်ခံနိုင်သဖြင့် Green Party က အစိုးရအဖွဲ့မှ နှုတ်ထွက်မည်ဟု ကြေညာခဲ့ သည်။

 

ယခုအခါပါလီမန်သည် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။ Green Party က တစ်ပါတီတည်းဖြင့် အစိုးရအဖွဲ့တစ်ခုကို ဦးဆောင်ရန် ပြင်ဆင်ထားသော Andersson ကို ထောက်ခံမှုပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post