• Follow Us on

Home တပ္မေတာ္က ေရငုပ္သေဘၤာဝယ္ယူခြင့္ရရွိေအာင္ NLD ပါတီအမတ္ အမ်ားဆုံးပါဝင္သည့္ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳ႕ေပးလိုက္တာျဖစ္ေၾကာင္း ေရႊကူၿမိဳ႕ NLD အမတ္ သူ၏ လူမႈကြန္ယက္၌ ေရးသား၊ေရငုပ္သေဘၤာဝယ္ယူေရးအတြက္ တပ္မေတာ္က လႊတ္ေတာ္သို႔ တင္ျပမႈ မရွိဟု ေပ်ာ္ဘြယ္ အမတ္ တုန္႔ျပန္

တပ္မေတာ္က ေရငုပ္သေဘၤာဝယ္ယူခြင့္ရရွိေအာင္ NLD ပါတီအမတ္ အမ်ားဆုံးပါဝင္သည့္ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳ႕ေပးလိုက္တာျဖစ္ေၾကာင္း ေရႊကူၿမိဳ႕ NLD အမတ္ သူ၏ လူမႈကြန္ယက္၌ ေရးသား၊ေရငုပ္သေဘၤာဝယ္ယူေရးအတြက္ တပ္မေတာ္က လႊတ္ေတာ္သို႔ တင္ျပမႈ မရွိဟု ေပ်ာ္ဘြယ္ အမတ္ တုန္႔ျပန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ-၁၅
ျမန္မာ့တပ္မေတာ္ပိုင္ ေရငုပ္သေဘၤာ စစ္ေရယာဥ္-မင္းရဲသိခၤသူ ပါဝင္သည့္ စစ္ေရယာဥ္ ပင္လယ္ျပင္ေလ့က်င့္ခန္းကို တပ္မေတာ္ကေအာက္တိုဘာ(၁၅)ရက္ေန႔၌ အမ်ားျပည္သူႏွင့္ နိုင္ငံတကာကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။
အဆိုပါ ေရငုပ္သေဘၤာႏွင့္ ပတ္သက္၍ အမ်ားျပည္သူ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့ပါတယ္။
ထို႔အတူ ေရငုပ္သေဘၤာႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ NLD အမတ္ ဦးဇာနည္မင္းက “NLD အစိုးရ လက္ထက္မွာ တပ္မေတာ္အား ဝယ္ေပးလိုက္တဲ့ မင္းရဲသိခၤသူ ေရငုပ္သေဘၤာ ျဖစ္ပါတယ္။ဒီလို ဝယ္ယူခြင့္ ရေအာင္ NLD အမတ္ အမ်ားဆုံးပါဝင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳ႕ ေပးလိုက္တာ ျဖစ္ပါတယ္။NLD အစိုးရ တာဝန္ေက်ပါတယ္”လို႔ သူ၏ လူမႈ ကြန္ယက္၌ ေရးသားခဲ့ပါတယ္။
ထိုကဲ့သို႔ NLD အမတ္၏ ေရးသားသည့္ သတင္းအခ်က္အလက္သည္ လုံးဝ လြဲမွားေနၿပီး တပ္မေတာ္က စစ္လက္နက္ ဝယ္ယူေရးႏွင့္ ပတ္သက္ၿပီး လႊတ္ေတာ္သို႔ တင္ျပမႈမရွိသလို တပ္မေတာ္က ႏွစ္စဥ္ ရရွိသည့္ ဘတ္ဂ်က္အေပၚ၌ ဝယ္ယူမႈသာျဖစ္ေၾကာင္း တပ္မေတာ္ အရာရွိေဟာင္း အခ်ိဳ႕က ေျပာဆိုၾကပါတယ္။
“လႊတ္ေတာ္မွ မတင္ပါဘူး။တင္ေလ့တင္ထ မရွိပါဘူး။တပ္မေတာ္က သူ႔တာဝန္ သူေဆာင္ရြက္တာပါ။အျခား ေရယာဥ္ေတြလည္း ဒီလိုပါပဲ”လို႔ ေပ်ာ္ဘြယ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ USDP အမတ္ ဦးေသာင္းေအးက ေျပာပါတယ္။
တပ္မေတာ္အေနျဖင့္ နိုင္ငံတကာႏွင့္ ခ်ိတ္ဆက္၍ စစ္လက္ဝယ္ယူရာ၌ နိုင္ငံေတာ္ လုံျခဳံေရးႏွင့္ ပတ္သက္၍ လႊတ္ေတာ္သို႔ တင္ျပမႈ မရွိဘဲ လႊတ္ေတာ္က တပ္မေတာ္၏ ဘတ္ဂ်တ္ကို ျဖတ္ေတာက္ျခင္း၊ခြင့္ျပဳ႕ျခင္းသာ ေဆာင္ရြက္မႈ ရွိေၾကာင္း တပ္မေတာ္ အရာရွိ အခ်ိဳ႕က ေျပာဆိုပါတယ္။
#PeopleMedia #တပ္မေတာ္ #ေရႊကူၿမိဳ႕ #NLD
(unicode)
တပ်မတော်က ရေငုပ်သင်္ဘောဝယ်ယူခွင့်ရရှိအောင် NLD ပါတီအမတ် အများဆုံးပါဝင်သည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြု့ပေးလိုက်တာဖြစ်ကြောင်း ရွှေကူမြို့ NLD အမတ် သူ၏ လူမှုကွန်ယက်၌ ရေးသား၊ရေငုပ်သင်္ဘောဝယ်ယူရေးအတွက် တပ်မတော်က လွှတ်တော်သို့ တင်ပြမှု မရှိဟု ပျော်ဘွယ် အမတ် တုန့်ပြန်
……………………………………………………
ရန်ကုန်၊ အောက်တိုဘာ-၁၅
မြန်မာ့တပ်မတော်ပိုင် ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင်လေ့ကျင့်ခန်းကို တပ်မတော်ကအောက်တိုဘာ(၁၅)ရက်နေ့၌ အများပြည်သူနှင့် နိုင်ငံတကာကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အဆိုပါ ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အများပြည်သူ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
ထို့အတူ ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ကချင်ပြည်နယ် ရွှေကူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဦးဇာနည်မင်းက “NLD အစိုးရ လက်ထက်မှာ တပ်မတော်အား ဝယ်ပေးလိုက်တဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ဒီလို ဝယ်ယူခွင့် ရအောင် NLD အမတ် အများဆုံးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု့ ပေးလိုက်တာ ဖြစ်ပါတယ်။NLD အစိုးရ တာဝန်ကျေပါတယ်”လို့ သူ၏ လူမှု ကွန်ယက်၌ ရေးသားခဲ့ပါတယ်။
ထိုကဲ့သို့ NLD အမတ်၏ ရေးသားသည့် သတင်းအချက်အလက်သည် လုံးဝ လွဲမှားနေပြီး တပ်မတော်က စစ်လက်နက် ဝယ်ယူရေးနှင့် ပတ်သက်ပြီး လွှတ်တော်သို့ တင်ပြမှုမရှိသလို တပ်မတော်က နှစ်စဉ် ရရှိသည့် ဘတ်ဂျက်အပေါ်၌ ဝယ်ယူမှုသာဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း အချို့က ပြောဆိုကြပါတယ်။
“လွှတ်တော်မှ မတင်ပါဘူး။တင်လေ့တင်ထ မရှိပါဘူး။တပ်မတော်က သူ့တာဝန် သူဆောင်ရွက်တာပါ။အခြား ရေယာဉ်တွေလည်း ဒီလိုပါပဲ”လို့ ပျော်ဘွယ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် USDP အမတ် ဦးသောင်းအေးက ပြောပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ စစ်လက်ဝယ်ယူရာ၌ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြမှု မရှိဘဲ လွှတ်တော်က တပ်မတော်၏ ဘတ်ဂျတ်ကို ဖြတ်တောက်ခြင်း၊ခွင့်ပြု့ခြင်းသာ ဆောင်ရွက်မှု ရှိကြောင်း တပ်မတော် အရာရှိ အချို့က ပြောဆိုပါတယ်။
#PeopleMedia #တပ်မတော် #ရွှေကူမြို့ #NLD


Share this post