• Follow Us on

Home မန္တလေးမြို့ ရှိ UAB ဘဏ်တစ်ခု၌ ဓါးပြတိုက်မှုဖြစ်၊ကျူးလွန်သူ ဖမ်းမမိ


Share this post

မန္တလေး၊ အောက်တိုဘာ-၁၅
နေသော်(မန်း)
(unicode)
မန္တလေးမြို့ ရှိ UAB ဘဏ်တစ်ခု ၌ ဓါးပြတိုက်မှုဖြစ်၊ကျူးလွန်သူ ဖမ်းမမိ
……………………………………………………..
မန္တလေး၊ အောက်တိုဘာ-၁၅
မန္တလေးမြို့ ရှိ UABဘဏ်တစ်ခု ၌ ဓါးပြတိုက်မှုဖြစ်
ဆိုင်ကယ် ဦးထုတ် ဆောင်းထားသူ အမျိုးသား တစ်ဦး သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်း နှင့် ၁၃၁ လမ်းထောင့် ရှိ UAB(ယူနိုက်တက် အမရာဘဏ်) အတွင်း သို့ ဝင်ရောက်၍ သေနတ်ပြ ခြိမ်းခြောက်ကာ ငွေတောင်းခံဓါးပြတိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါ အမျိုးသားသည် ဆိုင်ကယ်စီးဦးထုတ်ဆောင်းထားပြီး သေနတ်နှင့် လက်ထိပ်တို့ကို ကိုင်ဆောင် ဘဏ်အတွင်းသို့ ဝင်လာပြီး သေနတ်ပြခြိမ်းခြောက်ငွေတောင်းခံမှု တစ်ခုဖြစ်ပွားခဲ့ရာ ဘဏ်မှ ငွေသိန်းနှစ် ရာ ပါဝင်သွားကြောင်း ဘဏ်တည်ရှိရာ အဆိုပါ ရပ်ကွက် ၏ တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။
အဆိုပါ သေနတ်ပြခြိမ်းခြောက်ေ ငွတောင်းခံသူ သည် ဘဏ်မှ ထွက်၍ အဖြူရောက် မတ်တူး ကားဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရှိရသည်။
UAB ဘဏ်ကို ဓါးပြတိုက်၍ ထွက်ပြေးခဲ့သူသည် ၄င်း စီးနင်းခဲ့သော ကား ကို ၆၉ လမ်း နှင့် ၁၁၄ လမ်း မီးရှို့ထားရစ်ခဲ့ကြောင်း သိရသည်။
နေသော်(မန်း)
#PeopleMedia #UAB #မန္တလေး


Share this post