• Follow Us on

Home တပ်မတော်က ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူးယူခွင့်ပြုရန် UEC ကို တရားဝင်တောင်းဆိုပြီး (၂) ရက် အကြာ၌ မည်သူ့ကိုမှ ရေးခွင့်မပြုရန် UEC က ခရိုင်ရွေးကောက်ပွဲကော်မရှင်များထံ ညွှန်ကြား


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂
 
 
 
 
 
 
#PeopleMedia #UEC
 
(unicode)
တပ်မတော်က ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူးယူခွင့်ပြုရန် UEC ကို တရားဝင်တောင်းဆိုပြီး (၂) ရက် အကြာ၌ မည်သူ့ကိုမှ ရေးခွင့်မပြုရန် UEC က ခရိုင်ရွေးကောက်ပွဲကော်မရှင်များထံ ညွှန်ကြား
………………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာ – ၂
 
တပ်မတော်က ရွေးကောက်ပွဲ စာရွက်စာတမ်းများ ကူးယူခွင့်ပြုရန် UEC ကို တရားဝင်တောင်းဆိုပြီး (၂)ရက် အကြာ၌ မည်သူ့ကိုမှ ရေးခွင့်မပြုရန် UEC က ခရိုင်ရွေးကောက်ပွဲကော်မရှင်များထံ ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးခရိုင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
 
၂၀၂၀ ရွေးကောက်ပွဲ၌ တပ်မတော်သားမိသားစုဝင်များ မဲပေးခဲ့သည့် မြို့နယ်(၂၁၈)မြို့နယ်၍ ရွေးကောက်ပွဲ ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ရန် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ကူးယူခွင့်ပြုရန် တပ်မတော်က UEC ထံ တောင်းဆိုထားသည်။
 
“ဘယ်သူ့ကိုမှ ကူးယူခွင့်မပြုဖို့ မနေ့က ညွန်ကြားလိုက်တာ”ဟု အထက်ပါ အရာရှိက ပြောသည်။
 
UEC သည် ဒီဇင်ဘာ(၂)ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ခရိုင်ရွေးကောက်ပွဲ အရာရှိများနှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိအားလုံးကို ညွန်ကြားခဲ့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တစ်စုံ တစ်ရာ ခွင့်ပြုချက်မရှိဘဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတန်း အမှတ်အသား အထောက်အထားများကို မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခြင်း ခွင့်မပြုရန်ဆိုသည့်အချက်ကို ညွန်ကြား ခဲ့ခြင်းဖြစ်သည်။
 
ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ အထောက်အထားများနှင့် ကူးယူလိုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဖြစ်ပြီး ထိုသို့ တင်ပြပါက ကူးယူခွင့်ပြုမပြုကို မသိရှိနိုင်ကြောင်း အထက်ပါ အရာရှိက ဆိုသည်။
 
#PeopleMedia #UEC

Share this post