• Follow Us on

Home တပ္မေတာ္မွ သိမ္းပုိက္တပ္စြဲထားသည့္စခန္း(၂)ခု အား မြန္ျပည္သစ္ပါတီသုိ႔ ျပန္ေပးရန္ မြန္တုိင္းရင္းသား အဖြဲ႕အစည္း အသီးသီးက တပ္ခ်ဳပ္ထံ ေတာင္းဆုိ

တပ္မေတာ္မွ သိမ္းပုိက္တပ္စြဲထားသည့္စခန္း(၂)ခု အား မြန္ျပည္သစ္ပါတီသုိ႔ ျပန္ေပးရန္ မြန္တုိင္းရင္းသား အဖြဲ႕အစည္း အသီးသီးက တပ္ခ်ဳပ္ထံ ေတာင္းဆုိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၀

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕အနီးရွိ ဂ်ပန္ေရတြင္းေက်းရြာအနီးရွိ တပ္မေတာ္မွ သိမ္းပုိက္တပ္စြဲထားသည့္ စခန္း(၂)ခုအား မြန္ျပည္သစ္ပါတီသုိ႔ ျပန္ေပးရန္ မြန္တုိင္းရင္းသား အဖြဲ႕အစည္းအသီးသီးက တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ထံ ေတာင္းဆုိလုိက္သည္။

ႏုိဝင္ဘာ(၂၇)ရက္ေန႔၌ တပ္မေတာ္ႏွင္(BGF)အဖြဲ႕တုိ႔သည္ ထုိင္း- ျမန္မာနယ္စပ္ကိစၥေျဖရွင္းရန္ သြားေရာက္ ရာ၌ မြန္ျပည္သစ္ပါတီ အေျခစုိက္စခန္းႏွစ္ခုႏွင့္ ထိေတြ႕မႈျဖစ္ေပၚခဲ့ၿပီးေနာက္ တပ္မေတာ္မွ အဆုိပါစခန္းႏွစ္ခု ကုိ သိမ္းပုိက္လုိက္သည္။

လက္ရွိအခ်ိန္၌ ေဒသခံအခ်ဳိ႕သည္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ ထုိင္း-ျမန္မာနယ္စပ္၌ စစ္ေရွာင္လွ်က္ရွိ ေၾကာင္း မြန္လူမႈေရးအဖြဲ႕မ်ားက ဆုိသည္။ အလားတူ မြန္လူမႈေရးအဖြဲ႕မ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ထံ ေပးပုိ႔သည့္စာ၌ ဂ်ပန္ေရတြင္းေက်းရြာတြင္ တပ္မေတာ္ႏွင့္အတူပါလာသည့္ နယ္ျခားေစာင့္တပ္ (BGF) တပ္ဖြဲ႕ဝင္အခ်ဳိ႕သည္ ေက်းရြာအတြင္းရွိ လူသူကင္းမဲ့ေနသည့္ ေနအိမ္မ်ားမွ ယာဥ္ႏွင့္ အဖုိးတန္ပစၥည္းမ်ားကုိ ယူေဆာင္သြားေၾကာင္း ေဖာ္ျပထားသည္။

#PeopleMedia

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
တပ်မတော်မှ သိမ်းပိုက်တပ်စွဲထားသည့်စခန်း(၂)ခု အား မွန်ပြည်သစ်ပါတီသို့ ပြန်ပေးရန် မွန်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက တပ်ချုပ်ထံ တောင်းဆို
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၀

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ ဂျပန်ရေတွင်းကျေးရွာအနီးရှိ တပ်မတော်မှ သိမ်းပိုက်တပ်စွဲထားသည့် စခန်း(၂)ခုအား မွန်ပြည်သစ်ပါတီသို့ ပြန်ပေးရန် မွန်တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ထံ တောင်းဆိုလိုက်သည်။

နိုဝင်ဘာ(၂၇)ရက်နေ့၌ တပ်မတော်နှင်(BGF)အဖွဲ့တို့သည် ထိုင်း- မြန်မာနယ်စပ်ကိစ္စဖြေရှင်းရန် သွားရောက် ရာ၌ မွန်ပြည်သစ်ပါတီ အခြေစိုက်စခန်းနှစ်ခုနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီးနောက် တပ်မတော်မှ အဆိုပါစခန်းနှစ်ခု ကို သိမ်းပိုက်လိုက်သည်။

လက်ရှိအချိန်၌ ဒေသခံအချို့သည် ဘုန်းတော်ကြီးကျောင်းများနှင့် ထိုင်း-မြန်မာနယ်စပ်၌ စစ်ရှောင်လျှက်ရှိ ကြောင်း မွန်လူမှုရေးအဖွဲ့များက ဆိုသည်။ အလားတူ မွန်လူမှုရေးအဖွဲ့များမှ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ထံ ပေးပို့သည့်စာ၌ ဂျပန်ရေတွင်းကျေးရွာတွင် တပ်မတော်နှင့်အတူပါလာသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချို့သည် ကျေးရွာအတွင်းရှိ လူသူကင်းမဲ့နေသည့် နေအိမ်များမှ ယာဉ်နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဖော်ပြထားသည်။

#PeopleMedia

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post