• Follow Us on

Home တပ္မေတာ္၏ ေရြးေကာက္ပြဲေကာ္မရွင္အေပၚ သေဘာထားထုတ္ျပန္ခ်က္သည္ UEC ေဆာင္ရြက္ခ်က္မ်ားသည္ ဥပေဒႏွင့္မညီ၍ ေထာက္ျပျခင္းျဖစ္သည္ဟု ႏိုင္ငံေရးပါတီမ်ားဆို

တပ္မေတာ္၏ ေရြးေကာက္ပြဲေကာ္မရွင္အေပၚ သေဘာထားထုတ္ျပန္ခ်က္သည္ UEC ေဆာင္ရြက္ခ်က္မ်ားသည္ ဥပေဒႏွင့္မညီ၍ ေထာက္ျပျခင္းျဖစ္သည္ဟု ႏိုင္ငံေရးပါတီမ်ားဆို

Share this post

“ဥပေဒေတြအျပည့္အစံုျပ႒ာန္းထားတယ္။ အခု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က လုပ္တဲ့လုပ္ ေဆာင္ခ်က္ေတြက ဥပေဒနဲ႔မညီဘူး။ အဲဒီလိုပဲ ကၽြန္ေတာ္တို႔ေတြ႕တယ္။ အဲဒါေၾကာင့္ ဥပေဒနဲ႔မညီတာကို ေထာက္ျပတာလို႔ ကၽြန္ေတာ္တို႔ကေတာ့ ဒီလိုပဲသံုးသပ္တာေပါ့။ ဒါေထာက္ျပသင့္လို႔ ေထာက္ျပတယ္လို႔ ထင္တယ္” ဦးထြန္းေအာင္ေက်ာ္ (ရခိုင္အမ်ိဳးသားပါတီ-ႏိုင္ငံေရးမူဝါဒေရးရာ ေကာ္မတီ)
၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲအႀကိဳကာလ၌ ျဖစ္ေပၚေနသည့္အေျခအေနမ်ား ႏွင့္ပတ္သက္၍ တပ္မေတာ္မွ သေဘာထားထုတ္ျပန္ခ်က္အေပၚ ႏိုင္ငံေရးပါတီအခ်ဳိ႕၏ သေဘာထားမွတ္ခ်က္ မ်ားကို People Media မွ စုစည္းေဖာ္ျပလိုက္ရပါတယ္။
#PeopleMedia
(unicode)
တပ်မတော်၏ ရွေးကောက်ပွဲကော်မရှင်အပေါ် သဘောထားထုတ်ပြန်ချက်သည် UEC ဆောင်ရွက်ချက်များ သည် ဥပဒေနှင့်မညီ၍ ထောက်ပြခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီများဆို
………………………………………………
“ဥပဒေတွေအပြည့်အစုံပြဋ္ဌာန်းထားတယ်။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်တဲ့လုပ် ဆောင်ချက်တွေက ဥပဒေနဲ့မညီဘူး။ အဲဒီလိုပဲ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ဥပဒေနဲ့မညီတာကို ထောက်ပြတာလို့ ကျွန်တော်တို့ကတော့ ဒီလိုပဲသုံးသပ်တာပေါ့။ ဒါထောက်ပြသင့်လို့ ထောက်ပြတယ်လို့ ထင်တယ်” ဦးထွန်းအောင်ကျော် (ရခိုင်အမျိုးသားပါတီ-နိုင်ငံရေးမူဝါဒရေးရာ ကော်မတီ)
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့်အခြေအနေများ နှင့်ပတ်သက်၍ တပ်မတော်မှ သဘောထားထုတ်ပြန်ချက်အပေါ် နိုင်ငံရေးပါတီအချို့၏ သဘောထားမှတ်ချက် များကို People Media မှ စုစည်းဖော်ပြလိုက်ရပါတယ်။
ဦးခင္ေမာင္ေဆြ (အမ်ဳိးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ – NDF)
တပ္မေတာ္ကေျပာတဲ့ဟာကေတာ့ ေကာ္မရွင္အဆင့္ဆင့္ဟာ ႏိုင္ငံေတာ္သမၼတက ခန္႔အပ္တဲ့ဟာျဖစ္တယ္။ ဒီေကာ္မရွင္ေတြဟာ သမၼတခန္႔အပ္တဲ့ဟာျဖစ္လို႔ အစိုးရအဖြဲ႕ခန္႔အပ္တယ္လို႔ ယူဆရမွာျဖစ္တယ္။ အေျခခံ ဥပေဒအရ သမၼတဦးေဆာင္တဲ့အစိုးရအဖြဲ႕ဆိုၿပီးေတာ့ အေျခခံဥပေဒမွာသတ္မွတ္ထားတာ။ ဘာပဲျဖစ္ျဖစ္ ၿငိသည္ျဖစ္ေစ မၿငိသည္ျဖစ္ေစ ေကာ္မရွင္ဟာ အစိုးရကို တာ၀န္ခံရမယ္၊ အစိုးရကလည္း ေကာ္မရွင္ကို တာ၀န္ယူရမယ္ဆိုတဲ့အခ်က္ဟာ မွန္ကန္တယ္လို႔ပဲ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ ေကာ္မရွင္အေနနဲ႔ ဒီလိုျဖစ္ေန တဲ့ဟာကို ေလးႏွစ္ေက်ာ္ေလာက္ အခ်ိန္ရပါလ်က္နဲ႔ အျခားေကာ္မရွင္ေတြလည္း ေလးႏွစ္ေက်ာ္အခ်ိန္မွာ ေကာင္းမြန္စြာလုပ္ႏိုင္ခဲ့ၿပီးေတာ့ ဒီေကာ္မရွင္က်မွ အခုလိုျဖစ္ေနရတဲ့ဟာေတြက သူတို႔ကေတာ့ သာမန္စကား နဲ႔ေျပာသြားတာေပါ့။ ရည္ရြယ္ခ်က္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ေကာ္မရွင္ဟာ အစီအစဥ္ရွိရွိကို အႏိုင္ရပါတီ ဘက္ကိုလိုက္ၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္းေဖာက္ဖ်က္တာကို လက္ပိုက္ၾကည့္ေနတဲ့ ေကာ္မရွင္ျဖစ္ေနၿပီလို႔ ကၽြန္ေတာ္တို႔ယူဆပါတယ္။
(unicode)
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ – NDF)
တပ်မတော်ကပြောတဲ့ဟာကတော့ ကော်မရှင်အဆင့်ဆင့်ဟာ နိုင်ငံတော်သမ္မတက ခန့်အပ်တဲ့ဟာဖြစ်တယ်။ ဒီကော်မရှင်တွေဟာ သမ္မတခန့်အပ်တဲ့ဟာဖြစ်လို့ အစိုးရအဖွဲ့ခန့်အပ်တယ်လို့ ယူဆရမှာဖြစ်တယ်။ အခြေခံ ဥပဒေအရ သမ္မတဦးဆောင်တဲ့အစိုးရအဖွဲ့ဆိုပြီးတော့ အခြေခံဥပဒေမှာသတ်မှတ်ထားတာ။ ဘာပဲဖြစ်ဖြစ် ငြိသည်ဖြစ်စေ မငြိသည်ဖြစ်စေ ကော်မရှင်ဟာ အစိုးရကို တာဝန်ခံရမယ်၊ အစိုးရကလည်း ကော်မရှင်ကို တာဝန်ယူရမယ်ဆိုတဲ့အချက်ဟာ မှန်ကန်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ ကော်မရှင်အနေနဲ့ ဒီလိုဖြစ်နေ တဲ့ဟာကို လေးနှစ်ကျော်လောက် အချိန်ရပါလျက်နဲ့ အခြားကော်မရှင်တွေလည်း လေးနှစ်ကျော်အချိန်မှာ ကောင်းမွန်စွာလုပ်နိုင်ခဲ့ပြီးတော့ ဒီကော်မရှင်ကျမှ အခုလိုဖြစ်နေရတဲ့ဟာတွေက သူတို့ကတော့ သာမန်စကား နဲ့ပြောသွားတာပေါ့။ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကော်မရှင်ဟာ အစီအစဉ်ရှိရှိကို အနိုင်ရပါတီ ဘက်ကိုလိုက်ပြီးတော့ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်တာကို လက်ပိုက်ကြည့်နေတဲ့ ကော်မရှင်ဖြစ်နေပြီလို့ ကျွန်တော်တို့ယူဆပါတယ်။
ဦးထြန္းေအာင္ေက်ာ္ (ႏိုင္ငံေရးမူဝါဒေရးရာေကာ္မတီ၊ ရခိုင္အမ်ဳိးသားပါတီ – ANP)
ဥပေဒေတြ၊ နည္းဥပေဒေတြအားလံုးအျပည့္အစံုလုပ္ရတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုမွာလည္း ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္ရဲ႕ ဥပေဒေတြအျပည့္အစံုျပ႒ာန္းထားတယ္။ အခု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ က လုပ္တဲ့လုပ္ေဆာင္ခ်က္ေတြက ဥပေဒနဲ႔မညီဘူး။ အဲဒီလိုပဲ ကၽြန္ေတာ္တို႔ေတြ႕တယ္။ အဲဒါေၾကာင့္ ဥပေဒနဲ႔ မညီတာကို ေထာက္ျပတာလို႔ ကၽြန္ေတာ္တို႔ကေတာ့ ဒီလိုပဲသံုးသပ္တာေပါ့။ ဒါေထာက္ျပသင့္လို႔ ေထာက္ျပ တယ္လို႔ ထင္တယ္။
(unicode)
ဦးထွန်းအောင်ကျော် (နိုင်ငံရေးမူဝါဒရေးရာကော်မတီ၊ ရခိုင်အမျိုးသားပါတီ – ANP)
ဥပဒေတွေ၊ နည်းဥပဒေတွေအားလုံးအပြည့်အစုံလုပ်ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေအပြည့်အစုံပြဋ္ဌာန်းထားတယ်။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က လုပ်တဲ့လုပ်ဆောင်ချက်တွေက ဥပဒေနဲ့မညီဘူး။ အဲဒီလိုပဲ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ဥပဒေနဲ့ မညီတာကို ထောက်ပြတာလို့ ကျွန်တော်တို့ကတော့ ဒီလိုပဲသုံးသပ်တာပေါ့။ ဒါထောက်ပြသင့်လို့ ထောက်ပြ တယ်လို့ ထင်တယ်။
ေဒၚဒြဲဘူ (ကခ်င္ျပည္သူ႔ပါတီ ဒုဥကၠ႒-၁)
ဒါကေတာ့ သူတို႔အျမင္ထုတ္ျပန္တာေပါ့ေနာ္။ UEC ရဲ႕ေဆာင္ရြက္ခ်က္အေပၚ သူတို႔ျမင္တာ သူတို႔ထုတ္ျပန္တာ ကၽြန္မတို႔အေနနဲ႔ ဘာမွေတာ့ မေျပာလိုဘူး။ ကၽြန္မတို႔ျမင္ေနတာက အခုလက္ရွိ အခုစေနၿပီျဖစ္တဲ့ ႀကိဳတင္မဲ ေတြေပးေနတာ အမွားအယြင္းေတြေတာ့အမ်ားႀကီးပဲ။ အေပၚမွာေျပာတာနဲ႔ေအာက္မွာလုပ္တာနဲ႔ မညီၫြတ္ဘူး။ ဘာလဲဆိုေတာ့ အေပၚမွာက မွတ္ပံုတင္မပါရင္ရတယ္လို႔ေျပာတယ္။ ေအာက္မွာက မွတ္ပံုတင္မပါရင္ မဲထည့္ လို႔မရဘူး အဲဒီလိုျဖစ္ေနတယ္။ အျခားက႑ေတြလည္း အမ်ားႀကီးပဲအခု။ တခ်ဳိ႕ဆိုရင္ ဘယ္မွာထည့္၊ ဘယ္မွာ ထည့္ဆိုၿပီး ထည့္ခိုင္းေနတဲ့ဟာေတြအမ်ားႀကီးပဲ။ ကၽြန္မတို႔ႏိုင္ငံေရးပါတီေတြက ကပ္မွ ကိုယ့္ရဲ႕မဲဆြယ္ကာလ မွာမွ ကၽြန္မတို႔ရဲ႕ Voter Education ေပးေနရတာ။ ဒါက ငါးႏွစ္ေတာင္မွအခ်ိန္ရွိတာေလ။ ငါးႏွစ္အခ်ိန္ရွိတဲ့ အခ်ိန္မွာ ဘယ္လိုလုပ္မယ္၊ မဲဘယ္လိုေပးရမယ္ဆိုတာက UEC ရဲ႕ တာ၀န္လည္းရွိတယ္လို႔ ကၽြန္မကေတာ့ ျမင္တယ္။ ေနာက္မွ ေဆာင္ရြက္မႈအားလံုးက ကတိုက္က႐ိုက္ေတြျဖစ္ေနတယ္။ ဘာမွႀကိဳတင္ျပင္ဆင္ထားတာ မရွိဘူး ေအာက္မွာ။ ကၽြန္မတို႔ျမင္ရတာေပါ့ေနာ္။ သူတို႔အပိုင္းကေတာ့ ဘယ္လိုစီစဥ္၊ မစီစဥ္လည္းေတာ့မသိ ဘူး။ ဒါေပမဲ့ ေအာက္မွာေတာ့ အရမ္းကို ဖ႐ိုဖရဲေတာ့ျဖစ္ေနတယ္။ ဒါက ကၽြန္မတို႔ေတြ႕ျမင္ေနတဲ့အခ်က္ေပါ့။ တပ္မေတာ္ရဲ႕ဟာကို ေထာက္ခံတာ၊ မေထာက္ခံတာလည္းမဟုတ္ဘူး။
(unicode)
ဒေါ်ဒွဲဘူ (ကချင်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ-၁)
ဒါကတော့ သူတို့အမြင်ထုတ်ပြန်တာပေါ့နော်။ UEC ရဲ့ဆောင်ရွက်ချက်အပေါ် သူတို့မြင်တာ သူတို့ထုတ်ပြန်တာ ကျွန်မတို့အနေနဲ့ ဘာမှတော့ မပြောလိုဘူး။ ကျွန်မတို့မြင်နေတာက အခုလက်ရှိ အခုစနေပြီဖြစ်တဲ့ ကြိုတင်မဲ တွေပေးနေတာ အမှားအယွင်းတွေတော့အများကြီးပဲ။ အပေါ်မှာပြောတာနဲ့အောက်မှာလုပ်တာနဲ့ မညီညွတ်ဘူး။ ဘာလဲဆိုတော့ အပေါ်မှာက မှတ်ပုံတင်မပါရင်ရတယ်လို့ပြောတယ်။ အောက်မှာက မှတ်ပုံတင်မပါရင် မဲထည့် လို့မရဘူး အဲဒီလိုဖြစ်နေတယ်။ အခြားကဏ္ဍတွေလည်း အများကြီးပဲအခု။ တချို့ဆိုရင် ဘယ်မှာထည့်၊ ဘယ်မှာ ထည့်ဆိုပြီး ထည့်ခိုင်းနေတဲ့ဟာတွေအများကြီးပဲ။ ကျွန်မတို့နိုင်ငံရေးပါတီတွေက ကပ်မှ ကိုယ့်ရဲ့မဲဆွယ်ကာလ မှာမှ ကျွန်မတို့ရဲ့ Voter Education ပေးနေရတာ။ ဒါက ငါးနှစ်တောင်မှအချိန်ရှိတာလေ။ ငါးနှစ်အချိန်ရှိတဲ့ အချိန်မှာ ဘယ်လိုလုပ်မယ်၊ မဲဘယ်လိုပေးရမယ်ဆိုတာက UEC ရဲ့ တာဝန်လည်းရှိတယ်လို့ ကျွန်မကတော့ မြင်တယ်။ နောက်မှ ဆောင်ရွက်မှုအားလုံးက ကတိုက်ကရိုက်တွေဖြစ်နေတယ်။ ဘာမှကြိုတင်ပြင်ဆင်ထားတာ မရှိဘူး အောက်မှာ။ ကျွန်မတို့မြင်ရတာပေါ့နော်။ သူတို့အပိုင်းကတော့ ဘယ်လိုစီစဉ်၊ မစီစဉ်လည်းတော့မသိ ဘူး။ ဒါပေမဲ့ အောက်မှာတော့ အရမ်းကို ဖရိုဖရဲတော့ဖြစ်နေတယ်။ ဒါက ကျွန်မတို့တွေ့မြင်နေတဲ့အချက်ပေါ့။ တပ်မတော်ရဲ့ဟာကို ထောက်ခံတာ၊ မထောက်ခံတာလည်းမဟုတ်ဘူး။

Share this post