• Follow Us on

Home ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေစိုးရိမ်ရကြောင်း ကုလသမဂ္ဂလူ့ အခွင့်အရေးကျွမ်းကျင်သူပြော


Share this post

ဂျီနီဗာ၊ နိုဝင်ဘာ ၃
#PeopleMedia
(unicode)
ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေစိုးရိမ်ရကြောင်း ကုလသမဂ္ဂလူ့ အခွင့်အရေးကျွမ်းကျင်သူပြော
…………………………………………………..
ဂျီနီဗာ၊ နိုဝင်ဘာ ၃
အတိုက်အခံထောက်ခံသူများကို နှိပ်စက်ခြင်းမပြုရန် ကုလသမဂ္ဂနှင့်အလုပ်လုပ်နေသည့် လွတ်လပ်အမှီအခိုကင်းမဲ့သော လူ့အခွင့်အရေးကျွမ်းကျင်သူတယောက်က မြန်မာအစိုး ရနှင့်တပ်မတော်ခေါင်းဆောင်များကို တနင်္ဂနွေနေ့တွင်တိုက်တွန်းသည်။
လွတ်လပ်မျှတသောရွေးကောက်ပွဲဖြစ်လာရန်လည်း ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့ အခွင့်အရေးအခြေအနေအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူးက တောင်းဆိုပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)မွတ်ဆလင်များအပါအဝင် လူမျိုးနှင့်ဘာသာကို အခြေခံ၍မဲပေးခွင့်ငြင်းဆိုခြင်းကို စိုးရိမ်ကြောင်းလည်းပြောသည်။
ဗြိတိသျှကိုလိုနီခေတ် ၁၈၆၁ ခုနှစ်ကပြဋ္ဌာန်းထားသည့်ပြစ်မှုဆိုင်ရာဥပဒေတရပ်ကိုအသုံးပြုကာ သူတို့၏အခြေခံအခွင့်အရေးဖြစ်သောလွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုအသုံးပြုသည့် သတင်းစာဆရာများ၊ ကျောင်းသားများနှင့် အခြားသူများကို တပ်မတော်ကအသုံးပြုနေသည်ဟုလည်း မစ္စတာ အန်ဒရူးကပြောသည်။
အချို့သောကိုယ်စားလှယ်လောင်းများကို အစိုးရက ဆင်ဆာဖြတ်တောက်သည်ဟု စွပ်စွဲချက်များရှိ နေကြောင်းလည်း ညည်းညူသည်။
မြန်မာရွေးကောက်ပွဲကော်မရှင်က အုံကြွမှုများရှိနေသည့်နိုင်ငံနေရာအများအပြားတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်းကြေညာထားသည်။
Ref : UN expert airs human rights concerns ahead of Myanmar vote

Share this post