• Follow Us on
Latest News

Home လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းလက်ခံရေးအတွက် မြန်မာ-ထိုင်းဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်ကိုလည်း ရေးဆွဲအတည်ပြုထား

လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းလက်ခံရေးအတွက် မြန်မာ-ထိုင်းဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်ကိုလည်း ရေးဆွဲအတည်ပြုထား

Share this post

နေပြည်တော်၊ ဇွန် ၃၀

 

လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းလက်ခံရေးအတွက် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ပြန် လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်ကိုလည်း ရေးဆွဲအတည်ပြုထားရှိပြီး ဖြစ် ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် ပြန် လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

“လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွင် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းလည်း ပါဝင်ပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လူကုန်ကူးခံရသူများအား ကာကွယ်စောင့် ရှောက်ရေးနှင့် ပြန်လည်လွှဲပြောင်းလက်ခံရေးလုပ်ငန်းစဉ်များကို စနစ်တကျ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် အတွက် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီ အစဉ်ကိုလည်း ရေးဆွဲအတည်ပြုထားရှိပြီးဖြစ်ကြောင်း” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ဆောင်မှုပေးနေသူများအနေဖြင့် လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ငန်းအစီအစဉ်များကို လေ့လာသိရှိထားပြီး လက်တွေ့လုပ်ငန်းခွင်တွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြင့် လူကုန်ကူးခံရသူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post