• Follow Us on

Home တရုတ်အစိုးရအဖွဲ့အစည်းနှင့် ကုမ္ပဏီ စုစုပေါင်း ၂၈ ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

တရုတ်အစိုးရအဖွဲ့အစည်းနှင့် ကုမ္ပဏီ စုစုပေါင်း ၂၈ ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

Share this post

တရုတ်နိုင်ငံ ရှင်းကျောင်းပြည်နယ်က ၀ီဂါလူမျိုးစုတွေအပေါ် အလွဲသုံးစား ပြုကျင့်မှုတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ် အဖွဲ့အစည်း ၂၈ ဖွဲ့ကို အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

အမေရိကန်ရဲ့ Entity List ခေါ် အမည်ပျက်စာရင်းသွင်းခံရမှုကြောင့် အဲဒီအဖွဲ့အ စည်းတွေဟာ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ အမေရိကန်ကုမ္ပဏီတွေက ကုန်ပစ္စည်းဝယ်ယူ ခွင့် ပိတ်ပင်ခံ ရမှာဖြစ်ပါတယ်။

အခုလို ပိတ်ဆို့အရေးယူခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ အစိုးရအဖွဲ့အစည်းတွေသာမက ထောက်လှမ်းရေးပစ္စည်းတွေကိုအဓိကထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီတွေလည်းပါဝင်နေပါတယ်။

အမေရိကန်ကုန်သွယ်ရေးဌာနက ယင်းအဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွဲသုံးစားပြုကျင့်မှုတွေမှာ ပါဝင်ပတ်သတ်နေတယ်လို့ စွပ်စွဲထားပါတယ်။

Ref;AFP


Share this post