• Follow Us on

Home တာလီဘန်များ အာဖဂန်နစ္စတန်မြို့တော် ကဘူးကို သိမ်းပိုက်

တာလီဘန်များ အာဖဂန်နစ္စတန်မြို့တော် ကဘူးကို သိမ်းပိုက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆ (People Media)

 

အာဖဂန်နစ္စတန်မြို့တော် ကဘူးမြို့အား သြဂုတ်လ ၁၅ ရက်နံနက်ပိုင်းက တာလီဘန်များဝင်ရောက်လာခဲ့ရာ အာဖဂန်အစိုးရတပ်များ၏ ခုခံမှုမရှိသလောက်ဖြစ်ကြောင်းသိရသည်။

 

အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာနေကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက်ပိုင်း တာလီ ဘန်များ နိုင်ငံတစ်ဝန်းအရှိန်မြှင့်တိုက်ခိုက်လာပြီးနောက် အာဖဂန်နစ္စတန်မြို့တော်ကဘူးမြို့အနီးသို့ တဖြည်း ဖြည်း ချီတက်လာပြီး ယခုကဲ့သို့ ဝင်ရောက်သိမ်းပိုက်လာခြင်းဖြစ်သည်။ အာဖဂန်သမ္မတအေရှတ်ဂါနီမှာ သြဂုတ် လ ၁၅ ရက်နံနက်ပိုင်းကတည်းက တိုင်းပြည်မှထွက်ပြေးသွားကြောင်း သိရသည်။

 

တာလီဘန်များ၏ထိုးစစ်မှာ မျှော်လင့်ထားသည်ထက်ပိုမိုမြန်ဆန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး  အန် တိုနီဘလင်ကန်ကပြောသည်။

 

အာဖဂန်နစ္စတန်နိုင်ငံမှာထွက်ခွာသွားလိုသည့် အာဖဂန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများအားလုံးကို မြို့တော် မှထွက်ခွာခွင့်ပြုရန်နှင့် အာဖဂန်လေဆိပ်နှင့် နယ်စပ်ဖြတ်သန်းမှုများကိုလည်း ဖွင့်လှစ်ထားရှိပေးရန် နိုင်ငံပေါင်း ၆၀ ကျော်က ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

“အာဖဂန်နစ္စတန်တွင် အာဏာချုပ်ကိုင်ထားသည့် အာဏာပိုင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ လူသားများ၏ အ သက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောာင့်ရှောက်ရန်နှင့် နိုင်ငံတစ်ဝန်း လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ယူမှု/ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း”သြ စတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကာတာနှင့် ဗြိတိန်အပါအဝင် အမေရိ ကန်ဦးဆောင်သောနိုင်ငံအများအပြားက ၎င်းတို့၏ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

 

“အာဖဂန်ပြည်သူများသည်လည်း ဘေးကင်းခြင်း၊ လုံခြုံခြင်း၊ လူ့ဂုဏ်သိက္ခာရှိခြင်းတို့နှင့် ထိုက်တန်စွာ အသက် ရှင်နေထိုင်ခွင့်ရှိကြောင်း” ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

အမေရိကန်ဦးဆောင်သောအနောက်တိုင်းတပ်ဖွဲ့များ အာဖဂန်နစ္စတန်မှထွက်ခွာနေပြီး အနောက်နိုင်ငံအများ အပြား ၎င်းတို့နိုင်ငံသားများကို ဘေးကင်းလုံခြုံရာသို့ရွှေ့ပြောင်းပေးနိုင်ရေး တက်သုတ်ရိုက်ဆောင်ရွက်နေစဉ် ကဘူးမြို့တော်အားသိမ်းပိုက်ပြီးနောက် အာဖဂန်နစ္စတန်တွင်ဖြစ်ပွားနေသသောစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း တာလီဘန်များကကြေညာခဲ့သည်။

 

Ref: Latest situation in Afghanistan as the Taliban captures Kabul | Live updates

 

#PeopleMedia #International

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 

Ref: Latest situation in Afghanistan as the Taliban captures Kabul | Live updates

 

#PeopleMedia #International


Share this post