• Follow Us on

Home လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပျူစောထီးလျှို့ဝှက်စစ်ဆင်ရေးဆိုသည့်စာမှာ သတင်းအမှားသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပျူစောထီးလျှို့ဝှက်စစ်ဆင်ရေးဆိုသည့်စာမှာ သတင်းအမှားသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ အတည်ပြု

Share this post

နေပြည်တော်၊ သြဂုတ် ၁၆ (People Media)

 

လူမှုကွန်ရက်တွင် သြဂုတ်လ ၁၂ ရက် နေ့ရက်စွဲဖြင့် ပျံ့နှံ့လျက်ရှိသည့် ပျူစောထီး(ဗဟို)လျှို့ဝှက်စစ်ဆင်ရေး ဆိုသည့်စာမှာ သတင်းအမှားသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက People Media သို့ အတည်ပြုပြောကြားသည်။

 

အဆိုပါပျံ့နှံ့လျက်ရှိသည့်စာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်သားများအား တိတ်တဆိတ်ရှင်းလင်းရန်ဆိုသည့် ခေါင်း စဉ်ပါရှိသဖြင့် ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိတစ်ဦးမှ သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

 

“သတင်းအမှားနဲ့ လှုံ့ဆော်နေကြတာ။ မြို့ပတ်ရထားမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတွေ လုပ်ကြံခံရတဲ့ နောက်ပိုင်း ဒီလိုသတင်းအမှားတွေ ပြန်ဖြန့်တာပါ။ ပျူစောထီးဆိုတာ ရဲတပ်ဖွဲ့ဝင်ထဲမှာ မရှိသလို အဲ့ဒီ အမည်တွေက ဘယ်ကမှန်းမသိတဲ့ အမည်တွေပါ။ အခု ထွက်နေတဲ့စာရွက်က သတင်းမှားသတင်းတုပါ” လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယင်းစာတွင် အထက်ပါကိစ္စနှင့်ပတ်သက်ပြီး အထက်အမိန့်အရ PDF များနှင့် ရဲတပ်ဖွဲ့အတွင်းစည်းအား အထင် မြင်လွဲမှားစေရန် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ်လည်းကောင်း၊ PDF များအား အကြမ်းဖက်အဖွဲ့အဖြစ် ပုံရိပ်ဖန် တီးရန်အတွက်လည်းကောင်း၊ တပ်မတော်စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး၏ အထူးစစ်ဆင်ရေးတပ်ခွဲမှ ပြင်ပ အရံအဖွဲ့အစည်းများ (ပျူစောထီး၊ မဘသနှင့် တပ်မတော်အရံတပ်ရင်း မိသားစုဝင်များ) အား အထူးစစ်ဆင်ရေး အဖြစ် (အထူးအထူးလျှို့ဝှက်) ညွှန်ကြားလိုက်သည်ဟု ဖော်ပြပါရှိသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီးပြည်နယ်များတွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ လုပ်ကြံခြင်းခံနေရပါတယ်။

 

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #ပျူစောထီး

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post