• Follow Us on

Home တာလီဘန်အစိုးရနှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များကို ကုလသမဂ္ဂတွင် ခန့်အပ်ခြင်းမပြုရန် ကုလသမဂ္ဂ ကော်မတီသဘောတူဆုံးဖြတ်

တာလီဘန်အစိုးရနှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များကို ကုလသမဂ္ဂတွင် ခန့်အပ်ခြင်းမပြုရန် ကုလသမဂ္ဂ ကော်မတီသဘောတူဆုံးဖြတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်များရွေးချယ်ရေးအစီအစဉ်ကို ကုလ သမဂ္ဂအဖွဲ့ကကော်မတီတစ်ခုက ဒီဇင်ဘာလ ၁ ရက်နေ့က ရွှေ့ဆိုင်းလိုက်ပြီး အာဖဂန်တာလီဘန်အစိုးရနှင့် မြန်မာစစ်အာဏာသိမ်းအစိုးရ ကိုယ်စားလှယ်များကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွင် ခန့်အပ်ခွင့်ပြုလိမ့် မည်မဟုတ်ကြောင်း ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

 

တာလီဘန်အစိုးရနှင့် မြန်မာစစ်အစိုးရသည် ၎င်းတို့ဖြုတ်ချခဲ့သောအစိုးရများခန့်အပ်ထားသည့် သံအမတ်ကြီး များကို ဖက်ပြိုင်အံတုသည့်အနေဖြင့် ကုလသမဂ္ဂဆဆိုင်ရာသံအမတ်ကြီးများနေရာကို လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။ ကုသမဂ္ဂအဖွဲ့က ၎င်းတို့အဆိုပြုထားသည့် သံအမတ်များကိုခန့်အပ်လိုက်ပါက ၎င်းတို့ကြိုးပမ်းနေ သည့် နိုင်ငံတကာထောက်ခံမှုရရှိရေးအတွက် ခြေလှမ်းတစ်ရပ်အောင်မြင်သွားခြင်းပင်ဖြစ်သည်။

 

ရုရှား၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံကိုးနိုင်ငံဖြင့်ဖွဲ့စည်းထားသည့် အရည်အ ချင်းစစ်ကော်မတီသည် လက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံမှ ကိုယ်စားလှယ် များကို အသိအမှတ်ပြုနိုင်ရေးအတွက် ကုလသမဂ္ဂရုံးချုပ်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

 

အရည်အချင်းစစ်ကော်မတီအနေဖြင့် အာဖဂန်နစ္စတန်နှင့် မြန်မာအစိုးရတို့၏ ကိုယ်စားလှယ်များခန့်အပ်ရေးှနှင့် ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ဖွယ်ရှိရာ နှစ်နိုင်ငံစလုံးမှ လက်ရှိသံအမတ်ကြီးများမှာ ၎င်းတို့ ရာထူးများတွင် ဆက်လက်တည်ရှိနေသည်ဟု သဘောပေါက်နားလည်ကြောင်း သံတမန်လေးငါးဦးက ရိုက်တာ သတင်းဌာနကိုပြောကြားလိုက်သည်။

 

ဆုံးဖြတ်ချက်ကိုရွှေ့ဆိုင်းလိုက်ကြောင်း အရည်အချင်းစစ်ကော်မတီဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံ အမတ်ကြီးအန်နာခရင်းအန်နက်စထရောင်းက သတင်းထောက်များကိုပြောသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ နှင့် မြန်မာနိုင်ငံမှ လက်ရှိသံအမတ်ကြီးများမှာ ၎င်းတို့နိုင်ငံများ၏ ကိုယ်စားလှယ်များအဖြစ်ဆက်လက်တည်ရှိ နေဆဲဖြစ်မဖြစ် မေးမြန်းမှုကို ဖြေဆိုခြင်းမရှိပေ။

 

ဘဟားမား၊ ဘူတန်၊ ချီလီ၊ နမီးဘီးယား၊ ဆီရီယာလီနီနှင့် ဆွီဒင်နိုင်ငံတို့ပါဝင်သော အရည်အချင်းစစ်ကော်မတီ သည် ယခုနှစ်မကုန်မီ အဖွဲ့ဝင်နိုင်ငံများ၏ အရည်အချင်းစစ်ဆေးရေးနှင့်ပတ်သက်သည့်အစီရင်ခံစာများကို ကု လသမဂ္ဂအထွေထွေညီလာခံသို့ ပေးပို့သွားမည်ဖြစ်သည်။

 

ထုံးစံအားဖြင့် အရည်အချင်းစစ်ကော်မတီရော အထွေထွေညီလာခံကပါ အများသဘောဆန္ဒဖြင့် အရည်အချင်း စစ်ဆေးရေးကိစ္စများကို ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း သံတမန်များကပြောသည်။

 

Ref: U.N. committee agrees Taliban, Myanmar junta not allowed in U.N. for now

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: U.N. committee agrees Taliban, Myanmar junta not allowed in U.N. for now

 

#PeopleMedia


Share this post