• Follow Us on

Home ဆောက်လုပ်ရေးဝန်ကြီးဟောင်း၊ ပဲခူးတိုင်းဝန်ကြီးဟောင်းနှင့် ညွန်ချုပ်သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်

ဆောက်လုပ်ရေးဝန်ကြီးဟောင်း၊ ပဲခူးတိုင်းဝန်ကြီးဟောင်းနှင့် ညွန်ချုပ်သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်

Share this post

နေပြည်တော် ဒီဇင်ဘာလ ၂ (People Media)

 

ယခင်အစိုးရလက်ထက်၌ တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဟောင်း ဦးကျော်လင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် ၂၀၂၀ ပြည့်နှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာန၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/ဝ)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်းတွင် ငွေလုံးငွေရင်း ရန်ပုံငွေ လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံ ငွေကျပ် ၃၆၈ သန်းဖြင့် လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းတွင် မုံရွာ-ယာကြီး-ကလေးဝ လမ်းကို ငွေလုံးငွေရင်းရန်ပုံငွေ လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၁၉၄.၄၃ သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ရာတွင် ထိုစဉ်က လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး (ယခုအမြဲတမ်းအတွင်းဝန်) က ပြည်ထောင်စုအထူး ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေမှ အသုံးပြုဆောင်ရွက်ပေးခဲ့ကြောင်း န-စ-က ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ငွေလုံးငွေရင်းရန်ပုံငွေမှ လျာထားခွင့်ပြုချက်မရှိဘဲ မင်းကင်းမြို့ နယ်တွင် ကျောက်အိုးတံတားအသစ်ကို ၎င်း၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တည် ဆောက်ခဲ့ရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားဦးစီးဌာန၏ ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၁၂၀၀ ဖြင့် အသုံးပြုဆောင်ရွက်ပေးခဲ့ခြင်းတို့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အပိုဒ် ၄၆ နှင့် အပိုဒ် ၁၂၃ တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း ကြောင့် နိုင်ငံတော်၏ ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ကြောင်း န-စ-က၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

 

န-စ-က ၏ သတင်းထုတ်ပြန်ချက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အ ဆောက်အဦ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ အလှူငွေကျပ် သိန်း ၃၀ ထည့်ဝင်ရန် တောင်းခံခဲ့ကြောင်း၊ ဦးရဲ မင်းဇော်က အဆောက်အဦ အထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက်ဝန်ထမ်းများထံ အလှူခံခိုင်းခဲ့ပြီး ရရှိသည့် ငွေကျပ် သိန်း ၃၀ ကို ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းထံသို့ ပေးအပ်စေခဲ့ခြင်းသည် ဦးကျော်လင်း အနေဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍  တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ပြီး ညွှန်ကြားရေးမှူး ချုပ် ဦးရဲမင်းဇော်အနေဖြင့် ဦးကျော်လင်းမှ တံစိုးလက်ဆောင်ရယူရာတွင် အားပေးကူညီခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသန်းဝင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပဲခူးမြို့ရှောင်လမ်း ပြုပြင်တည်ဆောက်ခြင်း တင်ဒါ Lot.3 နှင့် စပ်လျဉ်း၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ရွေးချယ်ထားသည့် အဆိုပြုငွေကျပ် ၁၄၈၁ သန်းကျော်ဖြင့် ကုမ္ပဏီ အား ရွေးချယ်ခြင်းမပြုဘဲ ငွေကျပ် ၁၅၁၃ သန်းကျော်ဖြင့် ဒုဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ တစ်ခုအား ရွေးချယ်ပေးခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေမှ ငွေကျပ် ၃၂ သန်းခန့် ပိုမိုကုန်ကျခဲ့ခြင်းသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ ကြောင်း သိရသည်။

 

စစ်ဆေးပေါ်ပေါက်ချက်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသန်းဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးအောင်မြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သက်ဆိုင်ရာ ရဲစခန်း အသီးသီးတွင် ၁-၁၂-၂၀၂၁ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #အဂတိ

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post