• Follow Us on

Home တိုက်ခိုက်ရေးရေငုပ်သင်္ဘောသစ် ၉ စီးဝယ်ယူရန် အမေရိကန်ရေတပ် သဘောတူညီမှုရရှိ


Share this post




Ref; Bloomberg

(unicode)
တိုက်ခိုက်ရေးရေငုပ်သင်္ဘောသစ် ၉ စီးဝယ်ယူရန် အမေရိကန်ရေတပ် သဘောတူညီမှုရရှိ
…………………………………………………………………

အမေရိကန်ရေတပ်ဟာ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၉ စီးကိုဝယ်ယူဖို့အတွက် စက်လက်နက် ကုမ္ပဏီ General Dynamics Corp၊ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Huntington Ingalls Industries တို့နဲ့ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ပါတယ်။

ကနဦး ၁၁ စီးဝယ်ယူဖို့ ရည်မှန်းထားပေမယ့် ဘက်ဂျက်လိုအပ်ချက်ကြောင့် ၉ စီးသာ ဝယ်ယူဖို့ သဘောတူညီ ခဲ့တာဖြစ်ပါတယ်။ သဘောတူညီချက်အရ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အစီးရေ ၁၀ က ၁၁ အထိ တိုးမြှင့်သွားနိုင်တယ်လို့လည်းသိရပါတယ်။

Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်ရေတပ်က မှာယူထားတဲ့ ရေငုပ်သင်္ဘောတွေဟာ Virginia – Class တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေလို့သိရပါတယ်။

Ref; Bloomberg


Share this post