• Follow Us on

Home တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်သည့်၊ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ဦးစားပေးပုံဖော်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်သည့်၊ ရသင့်ရထိုက်သည့်အခွင့်အရေးများကို ဦးစားပေးပုံဖော်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ (People Media)

 

တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ခံစားသင့်ခံစားထိုက်သည့်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကို လည်း ဦးစားပေးပုံဖော်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြော သည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တိုင်းနဲ့ ပြည်နယ်မခွဲခြားဘဲ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ခံစားသင့်ခံစားထိုက်တဲ့၊ ရသင့်ရ ထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ဦးစားပေးပုံဖော်လျက်ရှိပါတယ်” လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြော သည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်တွင်ပါရှိသည့် ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုစည်းအားဖြင့် နိုင်ငံတော်ထာဝစဉ် တည်တံ့ခိုင်မြဲအောင် ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောသည်။

 

ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ရန်၊ တည်တံ့ခိုင်မြဲရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post