• Follow Us on

Home ယူကရိန်းမှာ သာမိုဘဲရစ်ဗုံး အသုံးပြုကြောင်း ရုရှားပြော

ယူကရိန်းမှာ သာမိုဘဲရစ်ဗုံး အသုံးပြုကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

ယူကရိန်းစစ်ပွဲအတွင်း ရန်သူအများအပြားကို တိုက်ခို်က်ဖို့အတွက် မကြာသေးခင်က “လေဟာနယ်ဗုံး” ခေါ် သာမိုဘဲရစ်ဗုံးကို အသုံးပြုခဲ့ကြောင်း ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။

 

လေဟာနယ်ဗုံး၊ သာမိုဘဲရစ်ဗုံး၊ volumetric detonation bomb လို့ခေါ်တဲ့ အဲဒီဗုံးဟာ လေထုထဲက အောက် ဆီဂျင်နဲ့ လောင်စာပေါင်းစပ်ခြင်းကနေတစ်တစ်ဆင့် အဖျက်စွမ်းအားကြီးမားတဲ့ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေတဲ့ ဗုံး လို့ ဆိုပါတယ်။ အဲဒီဗုံးကို ပြုလုပ်ရာမှာ လောင်စာ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝနီးပါး ထည့်သွင်းထားတဲ့အတွက် အဲဒီဗုံးဟာ သမ ရိုးကျဗုံးတွေထက် ပေါက်ကွဲအားပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။

 

သာမိုဘဲရစ်ဗုံးတစ်လုံးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင် တပြိုင်တည်း ကျဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ သာမိုဘဲရစ်ဗုံးကြဲချခဲ့တဲ့ နေရာအတိအကျကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေမဲ့ အဲဒီတိုက်ခိုက်မှုကို “ကရာကန်အမျိုးသားရေးတပ်ဖွဲ့” လို့ ခေါ်တဲ့ ယူကရိန်းအထူးထောက်လှမ်းရေး တပ်ဖွဲ့တွေရှိတဲ့နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အ လက်ဇီကမ်က ပြောပါတယ်။

 

သာမိုဘဲရစ်ဗုံးတွေဟာ လေဖိအားနဲ့ ဓာတ်ငွေ့/လောင်စာခဲတို့ကို မှုတ်ထုတ်စေပြီး အလွန်ပြင်းထန်တဲ့ ပေါက်ကွဲ အားကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

 

အဲဒီဗုံးဟာ အင်အားအလွန်ပြင်းထန်တဲ့အတွက် ပေါက်ကွဲတဲ့အခါ အဆောက်အအုံတွေ ပြိုကျပျက်စီးသွားသလို လူ့ခန္ဓာကိုယ်တွင်းက အင်္ဂါအစိတ်အပိုင်းတွေပါ ပေါက်ကွဲပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။

 

သာမိုဘဲရစ်ဗုံးနဲ့ တိုက်ခိုက်ခံရချိန်မှာ ထူထဲတဲ့နံရံတွေ/ အကာအရံတွေသာမက လိုဏ်ခေါင်းတွေ/ဂူတွေက တောင် စစ်သားတစ်ဦးကို အကာအကွယ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။

 

သာမိုဘဲရစ်ဗုံးတွေကို ပခုံးထမ်းလောင်ချာတွေထဲမှာထည့်သွင်းပစ်ခတ်နိုင်သလို လေယာဉ်ဗုံးတွေအဖြစ်လည်း အသုံးပြုတိုက်ခိုင်နိုင်ပါတယ်။ ရုရှားနိုင်ငံဟာ TOS-1A သာမိုဘဲရစ်လက်နက်တွေကို အသုံးပြုနေသလို အဲဒီလက်နက်ကျရောက်ပေါက်ကွဲတဲ့ နေရာမှာ တစ်ဖက်ရန်သူက အသက်ရှုလို့မရတော့ဘူးလို့ The Wall Street Journal က ပြောပါတယ်။

 

အဖျက်စွမ်းအားကြီးမားလွန်းလှတဲ့အတွက် ရုရှားတပ်တွေက အဲဒီလက်နက်တွေကို အသုံးမပြုခင် အဲဒီလက် နက်တွေက လက်ဦးအောင် ဖျက်ဆီးပစ်ဖို့ ယူကရိန်းစစ်တပ်ကို တိုက်တွန်းနေကြပါတယ်။

 

ရုရှားရဲ့ထုတ်ပြန်ကြေညာချက်ဟာ အဓိပ္ပာယ်မရှိတဲ့ကြေညာချက်ဖြစ်ကြောင်း ပြောဆိုရင်း ရုရှားကြေညာချက် ကို ယူကရိန်းစစ်ထောက်လှမ်းရေး ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းပယ်ကြောင်း CNN ကို ပြောပါတယ်။

 

ရုရှားရဲ့ ပြောကြားချက်ဟာ ကာ့စ်ခ်နဲ့ ဘဲလ်ဂိုရပ်ဒ်ဒေသတို့မှာ ယူကရိန်းစစ်သည် ၁၅၀၀ ချေမှုန်းခံလိုက်ရတယ် လို့ ပြောကြားခဲ့တဲ့အထဲမှာပါဝင်တဲ့ နောက်ဆုံး ဝါဒဖြန့်ချိမှုထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်ကြောင်း အဆိုပါ ယူကရိန်းထောက်လှမ်းရေးက ပြောပါတယ်။

 

Ref: Russia Claims Use of ‘Vacuum Bomb’ in Ukraine

 

#PeopleMedia


Share this post