• Follow Us on
Latest News

Home တိုက်ပွဲဖြစ်ပြီးနောက် လားရှိုး-မန္တလေး မီးရထား ခရီးစဉ် ယာယီရပ်နား

တိုက်ပွဲဖြစ်ပြီးနောက် လားရှိုး-မန္တလေး မီးရထား ခရီးစဉ် ယာယီရပ်နား

Share this post

ရန်ကုန်၊ သြဂုတ် – ၁၆

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့မှ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နောင်ချိုတိုးဂိတ် ၊မူးယစ်ဂိတ်နှင့်ဂုတ်တွင်းရဲကင်းစခန်းများကို တစ်ခိုက်ပြီးနောက် လားရှိုး-မန္တလေး မီးရထား ခရီးစဉ်ကို ယာယီရပ်နားထားကြောင်း ဒေသခံများက ပြောသည်။ လားရှိုး-မန္တလေးခရီးစဉ်ကို အစုန်-အဆန်ဖြင့် နေ့စဉ် နံနက် ၅ နာရီမှ စတင်ပြေးလျှက်ရှိပြီး လက်မှတ်နှုန်း ထားအဖြစ် အထက်တန်းလျှင် ၅၅၀၀ကျပ်နှင့် ရိုးရိုးတန်းလျှင်၂၄၀၀ကျပ်တို့ဖြစ်သည်။

လက်ရှိအချိန်၌ တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းလျှက်ရှိပြီး သြဂုတ်လ (၁၅)ရက်နေ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်၌ တပ်မတော်သား ၉ဦး၊ရဲတပ်ဖွဲ့ဝင် ၃ဦးနှင့် အရပ်သား၃ဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့သည်။

ဓါတ်ပုံ-နေမျိုး


Share this post