• Follow Us on

Home တူနီးရှားအစိုးရတပ်ဖွဲ့များကို ရာဘတ်မြို့တော်၌ ဖြန့်ကြက်လိုက်ပြီ

တူနီးရှားအစိုးရတပ်ဖွဲ့များကို ရာဘတ်မြို့တော်၌ ဖြန့်ကြက်လိုက်ပြီ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၇ (People Media)

 

အစိုးရတပ်ဖွဲ့များကို တူနီးရှားနိုင်ငံ၏ မြို့တော် ရာဘတ်မြို့တော်သို့ စေလွှတ်ခဲ့ကြောင်း အယ်မာယာဒင်း ရုပ်သံဌာနက ယနေ့ဖော်ပြသည်။

 

တူနီးရှားသမ္မတ ကီယက်စ်ဆာအိက လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်းကာ ဝန်ကြီးချုပ် ဟီချမ်းမီ ချီချီ အား ရာထူးမှထုတ်ပယ်ကြောင်း ကြေညာပြီးနောက် အစိုးရတပ်ဖွဲ့များ ရာဘတ်မြို့တော်သို့ ဖြန့်ကြက်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အယ်မာယာဒင်းရုပ်သံဌာန၏ အဆိုအရ တူနီးရှားလွှတ်တော်ကို တစ်လကြာ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဒီမိုကရေစီ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ကြိုးပမ်းကြရန် တူနီးရှားလွှတ်တော်နာယက ဂန်နော်ချီက ပြည်သူများ သို့ ပန်ကြားခဲ့ကြောင်း မိုဆာကီရေဒီယိုက ဖော်ပြခဲ့သည်။

 

အစောပိုင်းတွင် သမ္မတ ဆာအိက အရေးပေါ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး လွှတ် တော်ဖျက်သိမ်းရန်နှင့် ကပ်ရောဂါနှင့် စီးပွားရေးအခြေအနေဆိုးရွားလာမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အ ရေးယူရန် တောင်းဆိုခဲ့သည်။

 

Ref; Government troops deployed to Tunisian capital – TV

 

#PeopleMedia #EPN #international #တူနီးရှား

 

(unicode)

တူနီးရှားအစိုးရတပျဖှဲ့မြားကို ရာဘတျမွို့တောျ၌ ဖွန့ျကွကျလိုကျပွီ

…………………………………………………..

 


 


 


 


 


 


 

Ref; Government troops deployed to Tunisian capital – TV

 



Share this post