• Follow Us on

Home တေက်ာ့ျပန္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ျပင္သစ္ေျမာက္ပိုင္းရွိ စာသင္ေက်ာင္းအခ်ိဳ႕ပိတ္ထားရ

တေက်ာ့ျပန္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ျပင္သစ္ေျမာက္ပိုင္းရွိ စာသင္ေက်ာင္းအခ်ိဳ႕ပိတ္ထားရ

Share this post

၂၀၂၀၊ ေမ ၁၉
 
ျပင္သစ္အစိုးရက ကန္႔သတ္ခ်က္မ်ား ေျဖေလ်ာ့ကာ ကေလးငယ္မ်ားကို ေက်ာင္းျပန္တက္ခြင့္ျပဳၿပီး တစ္ပတ္ အၾကာတြင္ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈ ၇၀ ခန္႔မွာ စာသင္ေက်ာင္းမ်ားႏွင့္ ဆက္စပ္မႈရွိျခင္းေၾကာင့္ ျပင္သစ္ ႏိုင္ငံေျမာက္ပိုင္းရွိ စာသင္ေက်ာင္း ခုႏွစ္ေက်ာင္းကို ေနာက္တစ္ႀကိမ္ ပိတ္ထားလိုက္ၿပီျဖစ္သည္။
 
ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈ ၇၀ မွာ မၾကာေသးမီက ျပန္လည္ဖြင့္လွစ္ခဲ့သည့္ ေန႔ကေလးထိန္းဌာနႏွင့္ မူလ တန္းေက်ာင္းမ်ားတြင္ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေမလ ၁၁ ရက္မွစ၍ စာသင္ေက်ာင္းခုႏွစ္ေက်ာင္းကို ပိတ္ ထားခဲ့ေၾကာင္း ျပင္သစ္ပညာေရးဝန္ႀကီး ဂ်င္းမိုက္ကယ္ဘလန္ကြာ၏ ေျပာၾကားခ်က္အရသိရသည္။
 
မာယန္နီ၊ ကန္တယ္လ္၊ ေဟာ္တီဂရြန္နီႏွင့္ ႏိုက္စ္ၿမိဳ႕ရွိ စာသင္ေက်ာင္းခုႏွစ္ေက်ာင္းကို ပိတ္ခဲ့ေၾကာင္း ဘလန္ ကြာက ဆိုသည္။
 
စာသင္ေက်ာင္းမ်ား ပိတ္ထားျခင္းေၾကာင့္ ျပင္သစ္ႏိုင္ငံ၊ “အစိမ္းေရာင္ဇုန္မ်ား” ရွိ ပၪၥမတန္းႏွင့္ ဆဌမတန္း ေက်ာင္းသူ၊ ေက်ာင္းသားမ်ား တစ္ျဖည္းျဖည္း ေက်ာင္းျပန္တက္မႈကို ထိခိုက္ေစမည္မဟုတ္ဟု ယူဆရသည္။
 
စာသင္ေက်ာင္းမ်ား ပိတ္လိုက္ျခင္းက ေဘးအႏၲရာယ္ကင္းေရးႏွင့္ပတ္သက္၍ တင္းက်ပ္စြာေဆာင္ရြက္သည္ ကို ျပသေနေၾကာင္း ၄င္းက ေျပာသည္။ ကိုဗစ္-၁၉ ကူးစက္ခံရသူ ၇၀ တြင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ ဆရာ၊ ဆရာမမ်ား ပါဝင္ျခင္းရွိမရွိ ဘလန္ကြာက မေျပာၾကားခဲ့ေသာ္လည္း ေရာဂါအစပ်ိဳးသည့္ကာလမွာ ရွည္ လ်ားျခင္းေၾကာင့္ ေက်ာင္းျပန္မတက္မီ လူအမ်ားစုကို ကူးစက္ခဲ့ဖြယ္ရွိေၾကာင္း သူကဆိုသည္။
 
ျပင္သစ္ႏိုင္ငံတြင္ ကေလးငယ္ ၃၀ ရာခိုင္ႏႈန္းခန္႔ ေက်ာင္းျပန္တက္ၿပီဟု သူက ဆိုသည္။ ကေလးငယ္မ်ား ေနအိမ္၌သာဆက္ေနရန္ အစိုးရက မိဘမ်ားကို ခြင့္ျပဳခဲ့ေသာ္လည္း ထိုသို႔ခြင့္ျပဳမႈက အေကာင္းထက္ အဆိုး ျဖစ္ေစေၾကာင္း၊ စာသင္ေက်ာင္းမသြားသည့္ အက်ိဳးဆက္မ်ားက ပိုဆိုးေၾကာင္း ဘလန္ကြာက ေျပာသည္။
ျပင္သစ္ႏိုင္ငံရွိ ေက်ာင္းသူ၊ ေက်ာင္းသား ၇၀ ရာခိုင္ႏႈန္းက စာသင္ခန္းမ်ားသို႔ ျပန္သြားျခင္းထက္ အေဝး သင္ပညာသင္ၾကားေရးသင္ခန္းစာမ်ား ဆက္လက္အသုံးျပဳေနဟု သူကဆိုသည္။
 
ကိုးကား ။ ။ ေအအက္ဖ္ပီ
 
Ref; France Closes Schools After COVID-19 Flareup Infects 70
 
#PeopleMedia
 
(Unicode)

တကျော့ပြန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြင်သစ်မြောက်ပိုင်းရှိ စာသင်ကျောင်းအချို့ပိတ်ထားရ
………………………………………………………………………………………….

၂၀၂၀၊ မေ ၁၉

ပြင်သစ်အစိုးရက ကန့်သတ်ချက်များ ဖြေလျော့ကာ ကလေးငယ်များကို ကျောင်းပြန်တက်ခွင့်ပြုပြီး တစ်ပတ် အကြာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၇၀ ခန့်မှာ စာသင်ကျောင်းများနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ပြင်သစ် နိုင်ငံမြောက်ပိုင်းရှိ စာသင်ကျောင်း ခုနှစ်ကျောင်းကို နောက်တစ်ကြိမ် ပိတ်ထားလိုက်ပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၇၀ မှာ မကြာသေးမီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် နေ့ကလေးထိန်းဌာနနှင့် မူလ တန်းကျောင်းများတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် မေလ ၁၁ ရက်မှစ၍ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ် ထားခဲ့ကြောင်း ပြင်သစ်ပညာရေးဝန်ကြီး ဂျင်းမိုက်ကယ်ဘလန်ကွာ၏ ပြောကြားချက်အရသိရသည်။

မာယန်နီ၊ ကန်တယ်လ်၊ ဟော်တီဂရွန်နီနှင့် နိုက်စ်မြို့ရှိ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ်ခဲ့ကြောင်း ဘလန် ကွာက ဆိုသည်။

စာသင်ကျောင်းများ ပိတ်ထားခြင်းကြောင့် ပြင်သစ်နိုင်ငံ၊ “အစိမ်းရောင်ဇုန်များ” ရှိ ပဉ္စမတန်းနှင့် ဆဌမတန်း ကျောင်းသူ၊ ကျောင်းသားများ တစ်ဖြည်းဖြည်း ကျောင်းပြန်တက်မှုကို ထိခိုက်စေမည်မဟုတ်ဟု ယူဆရသည်။

စာသင်ကျောင်းများ ပိတ်လိုက်ခြင်းက ဘေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ တင်းကျပ်စွာဆောင်ရွက်သည် ကို ပြသနေကြောင်း ၄င်းက ပြောသည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၀ တွင် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ ပါဝင်ခြင်းရှိမရှိ ဘလန်ကွာက မပြောကြားခဲ့သော်လည်း ရောဂါအစပျိုးသည့်ကာလမှာ ရှည် လျားခြင်းကြောင့် ကျောင်းပြန်မတက်မီ လူအများစုကို ကူးစက်ခဲ့ဖွယ်ရှိကြောင်း သူကဆိုသည်။

ပြင်သစ်နိုင်ငံတွင် ကလေးငယ် ၃၀ ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်ပြီဟု သူက ဆိုသည်။ ကလေးငယ်များ နေအိမ်၌သာဆက်နေရန် အစိုးရက မိဘများကို ခွင့်ပြုခဲ့သော်လည်း ထိုသို့ခွင့်ပြုမှုက အကောင်းထက် အဆိုး ဖြစ်စေကြောင်း၊ စာသင်ကျောင်းမသွားသည့် အကျိုးဆက်များက ပိုဆိုးကြောင်း ဘလန်ကွာက ပြောသည်။
ပြင်သစ်နိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းက စာသင်ခန်းများသို့ ပြန်သွားခြင်းထက် အဝေး သင်ပညာသင်ကြားရေးသင်ခန်းစာများ ဆက်လက်အသုံးပြုနေဟု သူကဆိုသည်။

ကိုးကား ။ ။ အေအက်ဖ်ပီ

Ref; France Closes Schools After COVID-19 Flareup Infects 70

#PeopleMedia


Share this post