• Follow Us on

Home ေတာင္ဆူဒန္ ဒုတိယသမၼတႏွင့္ ဇနီး ကိုဗစ္-၁၉ ကူးစက္ခံရ

ေတာင္ဆူဒန္ ဒုတိယသမၼတႏွင့္ ဇနီး ကိုဗစ္-၁၉ ကူးစက္ခံရ

Share this post

၂၀၂၀၊ ေမ ၁၉

 

ေတာင္ဆူဒန္ ဒုတိယသမၼတ-၁ ရိခ္မာခ်ာႏွင့္ ဇနီးသည္ အိန္ဂ်ယ္လီနာတီနီ၌ ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္ေတြ႕ရွိ ခဲ့ေၾကာင္း ေတာင္ဆူဒန္ ဒုတိယသမၼတ႐ုံးက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။

 

သူႏွင့္ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ ဇနီးသည္တို႔သည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါတိုက္ဖ်က္ရန္ ဖြဲ႕စည္းထား ေသာ အဖြဲ႕တစ္ခုျဖစ္သည့္ ေရာဂါကူးစက္ခံထားရသည့္ ကိုဗစ္-၁၉ ဆိုင္ရာ အဆင့္ျမင့္အထူးလုပ္ငန္းအဖြဲ႕ဝင္ မ်ားႏွင့္ ထိေတြ႕ခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း မာခ်ာက ေျပာသည္။

 

အဆိုပါထုတ္ျပန္ခ်က္အရ ဒုတိယသမၼတမာခ်ာက ေနအိမ္၌ ႏွစ္ပတ္ၾကာသီးသန္႔ခြဲေနမည္ဟု သိရသည္။

 

ဒုတိယသမၼတ႐ုံးဝန္ထမ္းမ်ားႏွင့္ လုံၿခဳံေရးမ်ားတြင္လည္း ကို႐ိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိခဲ့သည္။

 

ဒုတိယသမၼတ-၁ ေဒါက္တာ မာခ်ာႏွင့္ ဇနီးသည္ ကာကြယ္ေရးဝန္ႀကီး အိန္ဂ်ယ္လီနာတို႔မွာ ေရာဂါ လကၡဏာ မ်ား မျပသေသာ္လည္း က်န္းမာေရးေကာင္းမြန္ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ဂ်ိမ္းစ္ဂတ္ဒက္ဒတ္ခ္က ေျပာ သည္။

 

ေတာင္ဆူဒန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲအတည္ျပဳကူးစက္မႈ ၂၉၀ ႏွင့္ ေသဆုံးသူ ေလးဦးရွိၿပီး ကူး စက္လူနာေျခာက္ဉီး ျပန္လည္သက္သာလာခဲ့သည္။

 

ကိုးကား ။    ။ အနာဒိုလူ

 

Ref; South Sudan VP, wife test positive for COVID-19

 

#PeopleMedia

 

(Unicode)

၂၀၂၀၊ မေ ၁၉

တောင်ဆူဒန် ဒုတိယသမ္မတ-၁ ရိခ်မာချာနှင့် ဇနီးသည် အိန်ဂျယ်လီနာတီနီ၌ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိ ခဲ့ကြောင်း တောင်ဆူဒန် ဒုတိယသမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

သူနှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဇနီးသည်တို့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရန် ဖွဲ့စည်းထား သော အဖွဲ့တစ်ခုဖြစ်သည့် ရောဂါကူးစက်ခံထားရသည့် ကိုဗစ်-၁၉ ဆိုင်ရာ အဆင့်မြင့်အထူးလုပ်ငန်းအဖွဲ့ဝင် များနှင့် ထိတွေ့ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း မာချာက ပြောသည်။

အဆိုပါထုတ်ပြန်ချက်အရ ဒုတိယသမ္မတမာချာက နေအိမ်၌ နှစ်ပတ်ကြာသီးသန့်ခွဲနေမည်ဟု သိရသည်။

ဒုတိယသမ္မတရုံးဝန်ထမ်းများနှင့် လုံခြုံရေးများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်။

ဒုတိယသမ္မတ-၁ ဒေါက်တာ မာချာနှင့် ဇနီးသည် ကာကွယ်ရေးဝန်ကြီး အိန်ဂျယ်လီနာတို့မှာ ရောဂါ လက္ခဏာ များ မပြသသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ဂတ်ဒက်ဒတ်ခ်က ပြော သည်။

တောင်ဆူဒန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုကူးစက်မှု ၂၉၀ နှင့် သေဆုံးသူ လေးဦးရှိပြီး ကူး စက်လူနာခြောက်ဉီး ပြန်လည်သက်သာလာခဲ့သည်။

ကိုးကား ။ ။ အနာဒိုလူ

Ref; South Sudan VP, wife test positive for COVID-19

#PeopleMedia

(Unicode)


Share this post