• Follow Us on

Home လုံၿခံဳေရးေၾကာင့္ ေရြးေကာက္ပြဲေရႊ႕ဆိုင္းခဲ့ရသည့္အတြက္ ရခိုင္ျပည္သူမ်ားအတြက္ စိတ္မေကာင္းျဖစ္မိ ေၾကာင္း နိုင္ငံေတာ္သမၼတေျပာ

လုံၿခံဳေရးေၾကာင့္ ေရြးေကာက္ပြဲေရႊ႕ဆိုင္းခဲ့ရသည့္အတြက္ ရခိုင္ျပည္သူမ်ားအတြက္ စိတ္မေကာင္းျဖစ္မိ ေၾကာင္း နိုင္ငံေတာ္သမၼတေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လြတ္လပ္၍ တရားမွ်တသည့္ ေရြးေကာက္ပြဲမ်ား က်င္းပနိုင္သည့္ လုံၿခဳံေရး အေျခအေနမရွိသျဖင့္ ေရြး ေကာက္ပြဲေရႊ႕ဆိုင္းခဲ့ရျခင္းေၾကာင့္ ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ားအတြက္ အထူးပင္ စိတ္မေကာင္းျဖစ္ရေၾကာင္း နိုင္ငံေတာ္သမၼတဦးဝင္းျမင့္က ေျပာသည္။
 
ယေန႔က်ေရာက္သည့္ (၄၆)ႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာတြင္ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္မွ အထက္ပါအတိုင္း ထည့္သြင္းေရးသားထားျခင္းျဖစ္သည္။
 
ယင္းနယ္ေျမေဒသမ်ား တည္ၿငိမ္ေအးခ်မ္းၿပီး လြတ္လပ္၍ တရားမၽွတသည့္ ေရြးေကာက္ပြဲမ်ား အျမန္ဆုံး က်င္းပနိုင္သည့္ အေျခအေနေရာက္ရွိေအာင္ သက္ဆိုင္သည့္ လူပုဂၢိဳလ္မ်ား အဖြဲ႕အစည္းမ်ား အားလုံးက ဝိုင္းဝန္းကူညီ ေဆာင္ရြက္ေပးၾကရန္လည္း အထူးေမတၱာရပ္ခံအပ္ေၾကာင္း နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ေပးပို႔သည့္ သဝဏ္လႊာတြင္ ေရးသားထားသည္။
 
ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးလမ္းေၾကာင္းေပၚတြင္ ေလၽွာက္လွမ္းေနသည့္ မိမိတို႔နိုင္ငံတြင္ တိုင္းရင္း သားအားလုံး မိမိတို႔လိုလားခ်က္မ်ားကို ေရြးခ်ယ္ခံကိုယ္စားလွယ္မ်ားမွ တစ္ဆင့္ လႊတ္ေတာ္အသီးသီးတြင္ တင္ျပေတာင္းဆိုနိုင္သလို ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ(၂၁)ရာစု ပင္လုံအစည္းအေဝးမ်ားတြင္လည္း ေတြ႕ဆုံေဆြးေႏြးညႇိႏွိုင္းနိုင္သည့္ နိုင္ငံေရးလမ္းေၾကာင္းမ်ား ဖြင့္ထားၿပီးျဖစ္ေၾကာင္း နိုင္ငံေတာ္သမၼတမွ ေျပာဆိုထားသည္။
 
မိမိတို႔ တိုင္းရင္းသားမ်ား အခြင့္အရးအတြက္ လက္နက္ကိုင္နည္းလမ္းျဖင့္ ေတာင္းဆိုျခင္းသည္ ေဒသခံျပည္သူ မ်ားအား အထိခိုက္အနစ္နာဆုံးျဖစ္ေစသည္ကို သက္ဆိုင္သူမ်ားအားလုံး သတိျပဳသင့္ေၾကာင္း နိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ေပးပို႔သည့္ သဝဏ္လႊာတြင္ ပါရွိသည္။
 
Photo – Myanmar President Office
 
#PeopleMedia #ရခိုင္ျပည္နယ္ေန႔
 
(unicode)
လုံခြုံရေးကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသည့်အတွက် ရခိုင်ပြည်သူများအတွက် စိတ်မကောင်းဖြစ်မိ ကြောင်း နိုင်ငံတော်သမ္မတပြော
……………………………………………………….
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေမရှိသဖြင့် ရွေး ကောက်ပွဲရွှေ့ဆိုင်းခဲ့ရခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောသည်။
 
ယနေ့ကျရောက်သည့် (၄၆)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ အထက်ပါအတိုင်း ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
 
ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားထားသည်။
 
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့် မိမိတို့နိုင်ငံတွင် တိုင်းရင်း သားအားလုံး မိမိတို့လိုလားချက်များကို ရွေးချယ်ခံကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်အသီးသီးတွင် တင်ပြတောင်းဆိုနိုင်သလို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်သည့် နိုင်ငံရေးလမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြောဆိုထားသည်။
 
မိမိတို့ တိုင်းရင်းသားများ အခွင့်အရးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူ များအား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။
 
Photo – Myanmar President Office
 
#PeopleMedia #ရခိုင်ပြည်နယ်နေ့

Share this post