• Follow Us on

Home တရုတ်နိုင်ငံ၏ နည်းပညာအဆင့်မြင့်တိုက်လေယာဉ်များ ထိုင်ဝမ်နိုင်ငံအတွက် ခြိမ်းခြောက်မှုအသစ်ဖြစ်

တရုတ်နိုင်ငံ၏ နည်းပညာအဆင့်မြင့်တိုက်လေယာဉ်များ ထိုင်ဝမ်နိုင်ငံအတွက် ခြိမ်းခြောက်မှုအသစ်ဖြစ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)

 

တရုတ်နိုင်ငံက ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ J-16D ဂျက်တိုက်လေ ယာဉ်များစေလွှတ်ပြီး တပ်ဖြန့်ချထားခဲ့ရာ ပထမဦးဆုံး နည်းပညာ အဆင့်မြင့်တိုက်လေယာဉ်များစေလွှတ်လိုက် ခြင်းဖြစ်ပြီး ယင်းတိုက်လေယာဉ်များ၏ electronic-jamming equipment များမှာ ထိုင်ဝမ်နိုင်ငံအတွက် ခြိမ်း ခြောက်မှုအ သစ်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ဇန်နဝါရီလ ၂၅ ရက်နေ့က အတည်ပြုပြောကြားလိုက်သည်။

 

ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာမည့်ခြောက်လှန့်မှုအောက်တွင် ရှင်သန်ရပ်တည်နေ ရသောနိုင်ငံဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းနိုင်ငံကို တရုတ်နိုင်ငံက ၎င်းတို့၏ ပိုင်နက်အဖြစ်ပြောဆို လေ့ရှိပြီး လိုအပ်ပါက အင်အားသုံးသိမ်းပိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်လေ့ရှိသည်။

 

၂၀၂၁ ခုနှစ်နှောင်းပိုင်းလေးလအတွင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားသတ်မှတ်ဇုံအတွင်းသို့ တရုတ်လေယာဉ်များ အဆက်မပြတ်ကျူးကျော်ဝင်ရောက်ခဲ့ရာ အောက်တိုဘာလ ၄ ရက်နေ့တွင် စံချိန်တင် ကျူးကျော်ဝင်ရောက်မှုအဖြစ် တရုတ်လေယာဉ် ၅၆ စင်းအထိ ကျူးကျော်ဝင်ရောက်ခဲ့သည်။

 

ဇန်နဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် တရုတ်လေယာဉ် ၅၂ စင်း ကျူးကျော်ဝင်ရာက်ခဲ့ကြောင်း ထိုင် ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့၌ ကျူးကျော်ဝင်ရောက်လာသည့် တရုတ်လေယာဉ် ၁၃ စင်းတွင် J-16D ဂျက်တိုက် လေယာဉ် နှစ်စင်းပါရှိပြီး ကျူးကျော်လာသည့်လေယာဉ်များတွင် နည်းပညာအဆင့်မြင့်တိုက်လေယာဉ်များ ပါဝင်လာသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက AFP သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

 

ယင်း J-16D ဂျက်တိုက်လေယာဉ်များကို တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် စက်တင်ဘာလအတွင်းကျင်းပခဲ့သော လေကြောင်းပြပွဲတစ်ခု၌ ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Times မိဒီယာက ရေးသားဖော်ပြခဲ့သည်။

 

J-16D ဂျက်တိုက်လေယာဉ်ဝမ်းဗိုက်တွင် ဒုံးကျည်နှစ်စင်းနှင့်အတူ jamming pod လေးခု၊ အီလက်ထရောနစ်  စစ်ဆင်ရေး pod နှစ်ခုတို့ တပ်ဆင်ထားကြောင်း Global Times က ရေးသားဖော်ပြထားသည်။

 

“ဒီတိုက်လေယာဉ်မှာပါတဲ့လက်နက်စနစ်တွေက ရန်သူ့လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ရေဒါတွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပါတယ်။ ဒီ radar-jamming စွမ်းရည်တွေဟာ နောက် ဆက်တွဲတိုက်ခိုက်မှုတွေအတွက် လမ်းခင်းပေးထားနိုင်ပါတယ်။ ဒီလေယာဉ်ဟာ ထိုင်ဝမ်လေကြောင်းရန်ကာ ကွယ်ရေးစနစ်အတွက် ခြိမ်းခြောက်မှုအသစ်ပါပဲ။” ဟု ထိုင်ဝမ်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသ သနအင်စတီကျူမှ ဆန်းစစ်လေ့လာသူ ရှုဟဲဆီးဟောင်က AFP ကို ပြောသည်။

 

Ref: China’s High-Tech Warplanes Pose ‘Big New Threat’ to Taiwan

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: China’s High-Tech Warplanes Pose ‘Big New Threat’ to Taiwan

 

#PeopleMedia


Share this post