• Follow Us on

Home ထန်းတပင်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် ဈေးမှ နေအိမ်သို့ ပြန်အလာ လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

ထန်းတပင်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် ဈေးမှ နေအိမ်သို့ ပြန်အလာ လမ်းခရီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၅ (People Media)

 

ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရွာသစ်ကျေးရွာနေ ပြည်ခိုင်ဖြိုး ပါတီဝင်ဦးဇော်ဦးသည် ဈေးမှ နေအိမ်သို့ ပြန်အလာ လမ်းခရီး၌ သေနတ်ဖြင့် ၈ ချက် ပစ်ခတ်လုပ်ကြံခံရ၍ သေ ဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ရွာသစ်ကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်ဦးဇော်ဦးသည် ရွာသစ်ကျေးရွာဈေးမှ နေအိမ်သို့ ပြန်လာစဉ် အနောက်ပိုင်းတက္ကသိုလ်အနီး လမ်းကြားအရောက်၌ သေနတ်သမား အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းကို သေနတ် ၈ ချက် ပစ်ခတ်လုပ်ကြံခဲ့သည်။

 

“ဈေးဝယ်ပြီးတော့အပြန်မှာဖြစ်တာ။ သူပြန်တဲ့နေရာက လူလည်း နည်းနည်း ပြတ်တယ်။ ဒါကို အခွင့်ကောင်း ယူပြီးတော့ သတ်ဖြတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဦးဇော်ဦးကတော့ ဆေးရုံရောက်တော့မှပဲ သေဆုံးတာပါ” လို့ ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

 

လက်ရှိရက်ပိုင်းအတွင်း၌ သာကေတမြို့နယ်၊ ထန်းတပင်မြို့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များ လုပ်ကြံခံရလျက်ရှိသည်။ အလားတူ ထန်းတပင်မြို့နယ်၌ မကြာခဏ ပြည်သူ့အချို့ လုပ်ကြံသတ် ဖြတ်ခြင်း ခံနေရသော်လည်း ကျူးလွန်သူ သေနတ်သမားကို ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

 

#PeopleMedia #ထန်းတပင် #USDP

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post