• Follow Us on

Home ထားဝယ်မြို့၌ ရပ်ကွက်စာရေးမဖြစ်သူ ဒေါ်စန်းစန်းဝေ သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၊ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း Dawei Assassinations Team ထုတ်ပြန်

ထားဝယ်မြို့၌ ရပ်ကွက်စာရေးမဖြစ်သူ ဒေါ်စန်းစန်းဝေ သေနတ်ဖြင့် လုပ်ကြံခြင်းခံရ၊ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း Dawei Assassinations Team ထုတ်ပြန်

Share this post

ထားဝယ်၊ စက်တင်ဘာ ၂၁ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်စာရေးမဖြစ်သူ ဒေါ်စန်းစန်းဝေသည် စက်တင်ဘာ ၂၀ ရက် ညနေ ၄:၁၅ မိနစ်အချိန်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Dawei Assassinations Team အဖွဲ့က ထုတ်ပြန်ထား သည်။

 

ရပ်ကွက်စာရေးမဖြစ်သူ ဒေါ်စန်းစန်းဝေသည် ထားဝယ်မြို့ ရွှေတောင်စားလမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော် သတင်းပေးဟု စွပ်စွဲခံရသူများသည် မကြာခဏလုပ်ကြံခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #ထားဝယ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post