• Follow Us on

Home ထိုင်ဝမ်အနီးပင်လယ်ပြင်တွင် တရုတ်စစ်ရေးလေ့ကျင့်

ထိုင်ဝမ်အနီးပင်လယ်ပြင်တွင် တရုတ်စစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)

 

ဂျက်တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောတိုက်ခိုက် ရေးလေယာဉ်နှင့် စစ်သင်္ဘောများပါဝင်သော တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော် PLA သည် သြဂုတ်လ ၁၇ ရက်နေ့က ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့် မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် လိုအပ်၍ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကပြောသည်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံက ၎င်းတို့၏အစိတ် အပိုင်းတစ်ရပ်အဖြစ်သဘောထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့်ရပ်တည်နေသည့် ထိုင်ဝမ်နိုင်ငံဝန်းကျင်တွင် တ ရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများအရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။

 

လတ်တလောကာလ အမေရိကန်နှင့် ထိုင်ဝမ်တို့၏ ရန်စမှုသည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာကို အကြီး အကျယ်ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံအရှေ့ဘက်ဒေသစစ်နယ်ဝန်းဌာနချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ရှီရီ က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ထည့်သွင်းပြောကြားသွားသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်နိုင်ငံ၏ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်ရှိ ပင်လယ်ပြင်တွင် ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။

 

ထိုင်ဝမ်နိုင်ငံအနေဖြင့် ရေပြင်နှင့် လေကြောင်းအခြေအနေများကို ကောင်းစွာနားလည်သဘောပေါက်ပြီး စောင့် ကြည့်လေ့လာနေကြောင်း၊ ယင်း ရေပြင်နှင့် လေကြောင်းတွင် ဖြစ်ပေါ်လာမည့်တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အ သင့်ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

တရုတ်လေတပ်မှ တိုက်လေယာဉ် ၂၈ စင်းသည် ဇွန်လအတွင်းကလည်း ထိုင်ဝမ်နိုင်ငံသို့ ဖြတ်ကျော်ပံျသန်းခဲ့ ကြောင်းသိရသည်။ အမေရိကန်အရာရှိများနှင့် ထိုင်ဝမ်ကမ်းရိုးတန်းလုံခြုံရေးအရာရှိများသည် ပူးပေါင်းဆောင် ရွက်ရေးနှင့် ဆက်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ရန် လွန်ခဲ့သည့်သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်အစိုးရက ထိုင်ဝမ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိ ယာဉ်တင်အမြောက်ကြီး ၄၀ စင်းနှင့် ဆက် စပ်ပစ္စည်းများရောင်းချရန်ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ ယင်းလက်နက်ရောင်းချမှုကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

 

Ref: China’s military conducts assault drills in seas near Taiwan

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 

Ref: China’s military conducts assault drills in seas near Taiwan

 

#PeopleMedia


Share this post