• Follow Us on

Home ထိုင်းလေတပ်က F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်

ထိုင်းလေတပ်က F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၆ (People Media)

 

တော်ဝင်ထိုင်းလေတပ်သည် သက်တမ်းရင့်လာသော လေတပ်၏တိုက်ခိုက်ရေးလေယာဉ်အုပ်ကို အစားထိုးရန် အတွက် F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၈ စင်းဝယ်ယူရန် စီစဉ်လျက်ရှိသည်။

 

ထိုင်းလေတပ်တွင် နှစ်ပေါင်း ၃၀ ကျော်သုံးစွဲလာခဲ့သော F-5 တိုက်လေယာဉ်နှင့် F-16 တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်အတွက် F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန် လိုအပ်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် နာပက်ဒက် ဒူပက်တီမီယာက ပြောသည်။

 

“ကျွန်တော်တို့ F-35 ဂျက်တိုက်လေယာဉ်အုပ်ကြီးတစ်ခုလုံး ဝယ်ဖို့မလိုပါဘူး။ လေယာဉ် ၈ စင်းကနေ ၁၂ စင်း လောက်အထိပဲလိုမှာပါ။ ဂျက်တိုက်လေယာဉ်တွေနဲ့အတူ တွဲဖက်ပျံသန်းဖို့ ဒရုန်းတွေကို အသုံးပြုသွားမှာပါ။ ဒါ က ကုန်ကျစရိတ်သက်သာပါတယ်။ ဒီလိုအသုံးပြုတာက တခြားအရာတွေနဲ့ နှိုင်းယှဉ်ရင် အသစ်အဆန်းလည်း ဖြစ်တယ်။ ဒီနည်းပညာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်ပါတယ်။” ဟု ဒူပက်တီမီယာက ဘန်ကောက်ပို့စ်ကို ပြောသည်။

 

F-35 ဂျက်တိုက်လေယာဉ်တစ်စင်း၏ မူရင်းဈေးမှာ ဒေါ်လာ ၁၄၂ သန်းရှိပြီး ထိုင်းနိုင်ငံအတွက် ၄၂ ရာခိုင်နှုန်း ဈေးလျှော့ပေးရာ တစ်စင်းလျှင် ဒေါ်လာ ၈၁ သန်းသာပေးချေရမည်ဖြစ်သဖြင့် လက်ရှိအချိန်သည် ဝယ်ယူရန် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းလေတပ်ကတွက်ချက်ထားသည်။

 

F-35 ဂျက်တိုက်လေယာဉ်များကို ထိုင်းနိုင်ငံက အရေအတွက်အများအပြားဝယ်ယူမည်ဆိုပါက တစ်စင်းလျှင် ဒေါ်လာ သန်း ၇၀ ဖြင့်ဝယ်ယူရရှိနိုင်သည်ဟု လေတပ်ဦးစီးချုပ်ကပြောကြောင်း ထိုင်းအခြေစိုက် Thaiger သ တင်းဌာနကရေးသားဖော်ပြခဲ့သည်။

 

လေယာဉ်ဝယ်ယူရေးနှင့်ပတ်သက်၍ အကြံပေးအဖွဲ့တစ်ဖွဲ့က အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ပြီး ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာထံ ထောက်ခံချက်ရရှိရန် အဆိုပြုလွှာတစ်စောင်ပေးပို့တင်ပြသွားမည်ဖြစ်သည်။ လေ ယာဉ်များဝယ်ယူပြီးသွားပါက နခုန်ရက်ချာဆီမာမြို့အခြေစိုက် အမှတ် ၁ လေယာဉ်အုပ်စုတွင် တပ်ဖြန့်ချသွား မည်ဖြစ်သည်။

 

“နိုင်ငံရေးသမားတွေအပါအဝင် လူထုထောက်ခံမှုကို လေတပ်ရပြီဆိုရင်၊ ကျွန်တော်တို့ အဲဒီလေယာဉ်တွေကို ဝယ်ယူနိုင်ပြီဆိုရင် ထိုင်းလေတပ်ရဲ့စွမ်းအားကို မြှင့်တင်သွားမှာဖြစ်ပါတယ်။” ဟု ဒူပက်တီမီယာက ပြောသည်။

 

အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော လော့ဟိမာတင်ကုမ္ပဏီက ပုံစံရေးဆွဲထုတ်လုပ်ထားသည့် F-35 ဂျက်တိုက်လေယာဉ်သည် အမေရိကန်လေတပ်တွင် အသုံးပြုနေသော ပဉ္စမမြောက်မျိုးဆက် တိုက်လေ ယာဉ်ဖြစ်သည်။ F-35 ဂျက်တိုက်လေယာဉ်သည် ရေဒါဖမ်းယူရခက်ခဲသော စွမ်းဆောင်ရည်မြင့်မားသည့် ဘက် စုံသုံးတိုက်လေယာဉ်ဖြစ်သည်။

 

အဆိုပါတိုက်လေယာဉ်တွင် အခြားတိုက်လေယာဉ်များထက် သတင်းအချက်အလက်များကို ပိုမို စုစည်း၊ ပေါင်း စပ်၊ ဖြန့်ဖြူးနိုင်သည့် အဆင့်မြင့်အာရုံခံကိရိယာ (advanced sensor package) များတပ်ဆင်ထားသည်။

 

Ref: Thailand to Purchase F-35 Stealth Fighters

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Thailand to Purchase F-35 Stealth Fighters

 

#PeopleMedia


Share this post