• Follow Us on

Home တိုက်ကြီးမြို့နယ်၌ NLD ပါတီ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး ဆိုင်ကယ်စီးနင်းစဉ် လုပ်ကြံသတ်ဖြတ်ခံရ

တိုက်ကြီးမြို့နယ်၌ NLD ပါတီ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး ဆိုင်ကယ်စီးနင်းစဉ် လုပ်ကြံသတ်ဖြတ်ခံရ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ချင်းစုရပ်ကွက်၌ ဇန်နဝါရီ ၅ ရက်နေ့က NLD ပါတီ တက်ကြွလှုပ်ရှား သူလူငယ်တစ်ဦးကို ဆိုင်ကယ်စီးနင်းလာစဉ် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြော ဆိုသည်။

 

“ကောင်လေးက အသက် ၂၅ နှစ်ပဲရှိသေးတယ်။ NLD ပါတီ လူငယ်ပါတီဝင်၊ NLD ပါတီ တက်ကြွလှုပ်ရှားသူ လည်းဖြစ်တယ်။ ဘာကြောင့် အသတ်ခံရတာလည်းဆိုတာတော့ မသိဘူး။“ လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ တိုက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ၊ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်တစ်ဦးဖြစ်သည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၌ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံ့တေးမြို့နယ်များသည် အုပ်ချုပ်ရေးအဖွဲ့ များ၊ ဒလန်ဟုစွပ်စွဲခံရသူများ၊ နိုင်ငံရေးပါတီဝင်များကို လုပ်ကြံသတ်ဖြတ်မှု အများဆုံးဖြစ်ပေါ်နေသည့် မြို့နယ် များဖြစ်သည်။

 

#PeopleMedia #တိုက်ကြီး #လုပ်ကြံသတ်ဖြတ် #NLD

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post