• Follow Us on

Home ထိုင်ဝမ်ရေလက်ကြားကို တရုတ်လေယာဉ်တင်သင်္ဘောဖြတ်သန်းမှု အမေရိကန်တုံ့ပြန်


Share this post





Ref; focustaiwan

#PeopleMedia

(Unicode)
ထိုင်ဝမ်ရေလက်ကြားကို တရုတ်လေယာဉ်တင်သင်္ဘောဖြတ်သန်းမှု အမေရိကန်တုံ့ပြန်
…………………………………………………………

ထိုင်ဝမ်ရေလက်ကြားကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တရုတ်လေယာဉ်တင်သင်္ဘောဖြတ်သန်းခဲ့ပြီးနောက် အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို ရန်ဆွတဲ့ အပြုအမူတွေရှောင်ရှားဖို့ တိုက်တွန်းပြောကြားလိုက် ပါတယ်။

တရုတ်ပြည်တွင်းမှာ ပထမဦးဆုံးထုတ်လုပ်တဲ့ “Shandon” လေယာဉ်တင်သင်္ဘောဟာ တရုတ်ရေတပ်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့က တရားဝင် တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို တရုတ်လေယာဉ်တင်သင်္ဘောဖြတ်သန်းမှုဟာ ၂၀၁၇ ခုနှစ် က စတင်ပြီး ၆ ကြိမ်မြောက် ဖြတ်သန်းခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို လုံခြုံရေးနဲ့ လူမှုစီးပွားရေးကို ထိခိုက်စေတဲ့ ရန်ဆွမှုတွေ ရှောင်ရှားဖို့ သတိပေးခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားနဲ့ပတ်သက်ပြီး ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတို့ကြား ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref; focustaiwan

#PeopleMedia


Share this post