• Follow Us on

Home ထီးချိုင့်နယ်၊ ညောင်ပင်သာရှိ ရဲကင်းစခန်း ဖျက်စီးခံရ

ထီးချိုင့်နယ်၊ ညောင်ပင်သာရှိ ရဲကင်းစခန်း ဖျက်စီးခံရ

Share this post

ထီးချိုင့်၊ ဒီဇင်ဘာ ၄ (People Media)

 

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စုမှာရှိ ညောင်ပင်သာရဲကင်းစခန်းသည် ဒီဇင်ဘာ ၃ ရက်က ဖျက်စီးခံလိုက်ရတယ်လို့ ထီးချိုင့်ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

“ရဲစခန်းဆိုင်းဘုတ်၊ အလံတိုင်၊ စခန်းရုံးစတဲ့ ရဲအဆောက်အဦးတွေ ဖျက်စီးခံလိုက်ရတာ” လို့ ကသာခရိုင် ရဲ တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ထပ်မံ၍ People Media က ညောင်ပင်သာကျေးရွာ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ညောင်ပင်သာ ရဲကင်းစခန်းဆိုတာ ထီးချိုင့်မြို့နဲ့ အနည်းဆုံး ၁၀ မိုင်လောက်ဝေးတယ်။ အဲ့ဒီဒေသက ရွာတွေဟာ အခုဆိုရင် တရားဥပဒေရဲ့ အကာအကွယ်ပေးမှုကို မရကြဘူးလေ။ လူသတ်မှုတွေက နေ့တိုင်းလိုလိုဖြစ်နေတာ။ တတ်နိုင်တဲ့သူတွေက ရွာတွေမှာ မနေကြတော့ဘူး။ တခြားပြောင်းနေကြတာ။ မပြောင်းနိုင်လို့ ရွာမှာ ကျန်ခဲ့ သူတွေလည်း တောဘက်ကလူရော မြို့ဘက်ကလူပါ နှစ်ဘက်လုံးကြောက်နေရတာ” လို့ ပြောပါတယ်။

 

လက်ရှိအချိန်၌ ထီးချိုင့်မြို့နယ်ရှိ ရဲကင်းစခန်းနဲ့ လှုပ်ရှားရဲကင်းစခန်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှစ၍ ဆက်တိုက်ဆိုသလို မီးရှို့ဖျက်စီးခံရတဲ့အတွက် ကမ်းနီလှုပ်ရှားရဲကင်းစခန်းနှင့် အလည်တောနယ်မြေရဲကင်း စခန်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

 

အလားတူ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အကြား အင်းရွာနယ်မြေရဲစခန်းလည်း မီးရှို့ဖျက်ဆီးခံရပြီး ဖြစ်ပါ တယ်။

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #ထီးချိုင့်မြို့နယ် #ပြည်ထဲရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 



Share this post