• Follow Us on

Home ကလေးမြို့နယ် မြို့စီမံအုပ်ချုပ်ရေးမှူးသည် နေအိမ်မှ ရုံးသို့သွားရန် ကားစက်နှိုးချိန် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရ သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့

ကလေးမြို့နယ် မြို့စီမံအုပ်ချုပ်ရေးမှူးသည် နေအိမ်မှ ရုံးသို့သွားရန် ကားစက်နှိုးချိန် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရ သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့

Share this post

ကလေး၊ ဒီဇင်ဘာ ၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးသည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက နေ အိမ်မှ ရုံးသို့သွားရန် နေအိမ်ရှေ့ရှိ ကားကို စက်နှိုးစဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media မှ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးကို မေးမြန်းရာ “ဌာနပိုင် ကားနဲ့ အပြင်ကနေ အိမ်ကိုပြန်လာပြီး အနွေးထည် ပြန်လာယူတာ။ ရုံးတက်သွားဖို့ပေါ့။ အဲ့ဒီအချိန် အသက် ၂၀ ဝန်းကျင် လူငယ်တယောက်က နောက်ကနေ ရောက်လာပြီး ကားစက်နှိုးနေတဲ့ အုပ်ကြီးကို သေနတ်နဲ့ ပစ်သွား တာ” လို့ ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်အပေါ် ထပ်မံ၍ People Media က တာဝန်ရှိသူတစ်ဦးထံ ထပ်မံမေးမြန်းရာ “သေနတ်နဲ့ ပစ်ခံ ရသူက အသက် ၅၇ နှစ်အရွယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှစိုးဖြစ်ပါတယ်။ သေနတ်ဒဏ်ရာက အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူး” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး မြို့နယ်ရဲမှူး ရဲမှူး ဝင်းအောင်အပါအဝင် တပ်မတော်က မိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် တပ်မတော်မှ အရာရှိတစ်ဦး မိုင်းစထိ မှန်၍ ကျဆုံးခဲ့ပါတယ်။

 

Photo – Credit

 

သွန်းသွန်း(PeopleMedia)

 

#PeopleMedia #ကလေးမြို့

 

(unicode)


……………………………………………………

 


 


 


 

အဆိုပါဖွဈစဉျအပေါျ ထပျမံ၍ People Media က တာဝနျရှိသူတဈဦးထံ ထပျမံမေးမွနျးရာ “သနေတျနဲ့ ပဈခံ ရသူက အသကျ ၅၇ နှဈအရှယျ မွို့နယျစီမံခန့ျခှဲမှုကောျမတီဥက်ကဋ်ဌ ဦးလှစိုးဖွဈပါတယျ။ သနေတျဒဏျရာက အသကျအန်တရာယျစိုးရိမျရတဲ့အခွအေနမေရှိဘူး” လို့ ပွောပါတယျ။

 


 

Photo – Credit

 


 



Share this post