• Follow Us on

Home ဒီပဲယင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လယ်ကွင်းထဲ၌ လုပ်ကြံသတ်ဖြတ်ခံရ

ဒီပဲယင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး လယ်ကွင်းထဲ၌ လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၁၉ (People Media)

 

ဇန်နဝါရီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာနေထိုင်သူ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးသည် လယ်ကွင်းထဲ၌ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပဲယင်းမြို့နယ်၊ ညောင်လှရွာနေ ကိုမင်းမင်းဆိုသူသည် နေအိမ်၌ ရှိနေစဉ် စီစစ်ဆဲအမျိုးသား ၂၀ ဦးခန့်မှ လာရောက်ပြီး နေအိမ်အနီးရှိ လယ်ကွင်းထဲသို့ ခေါ်ဆောင် ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“နေအိမ်မှာရှိနေတဲ့အချိန် ဖြစ်သွားတာ။ ကိုမင်းမင်းအိမ်မှာ ရှိနေတဲ့အချိန်မှာ လက်လုပ်သေနတ်တွေကိုင်ထား တဲ့ လူ ၂၀ လောက် လယ်ကွင်းထဲကို တရွက်တိုက်ဆွဲခေါ်ပြီးတော့ လယ်ကွင်းထဲမှာ ပစ်သတ်သွားတာ” ဟု  ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်မြို့နယ်ဖြစ်သည်၊

 

Photo – Credit

 

#PeopleMedia #ဒီပဲယင်းမြို့နယ် #USDP

 

(unicode)


……………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post