• Follow Us on

Home နစကလက်ထက်တွင် သားငါးကဏ္ဍအတွက်အရေးပါသည့် မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာနအသစ် တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း မွေးမြူရေးဝန်ကြီး ပြောကြား

နစကလက်ထက်တွင် သားငါးကဏ္ဍအတွက်အရေးပါသည့် မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာနအသစ် တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း မွေးမြူရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သားငါးကဏ္ဍအတွက်အရေးပါသည့် မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာန အသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

 

ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ သားငါးကဏ္ဍအတွက်အရေးပါတဲ့ မွေးမြူရေး ဆိုင်ရာသု တေသနဦးစီးဌာနအသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းပေးခဲ့တယ်။ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ သုတေသနကို အခြေခံတဲ့ ငါးလုပ်ငန်း စီမံခန့်ခွဲမှုလုပ်ငန်းတွေ ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား သုတေ သန ရန်ပုံငွေထူထောင်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာဟာ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တို့အကြား ပထမဦးဆုံး အကြိမ် Public-Private-Partnership (PPP) ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦး တင်ထွဋ်ဦးက ပြောသည်။

 

ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံဖြတ်ကျော် ကျက်စားနေ ထိုင်သော ငါးမျိုးစိတ်တစ်ခုဖြစ်သည့် (Transboundary species) ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်ထိန်းသိမ်း နိုင်ရေးတို့အတွက် ငါးမဖမ်းရရာသီများ သတ်မှတ်ထုတ်ပြန် ပေးခြင်းနှင့် ကြပ်မတ်ထိန်းကျောင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုကြောင်း၊ ကမ်းရိုးတန်း သယံဇာတများ ပြန်လည်တိုးပွားလာရေး ဆောင်ရွက်ရန်နှင့် သယံဇာတများကို မထိခိုက်စေပဲ စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီဆောင်ရွက် နိုင်စေရန် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

 

ငါးလုပ်ငန်းဦးစီးဌာနက ရေထွက်ကုန်ပစ္စည်းများတစ်နှစ်ထက်တစ်နှစ် တိုးတက်ထုတ်လုပ်နိုင်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းကဏ္ဍမှ ပြည်ပ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၈၅၃)သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၇၈၆) သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

 

(unicode)


……………………………………..

 


 


 


 


 


 



Share this post