• Follow Us on

Home နယ္စပ္တြင္ အိႏိၵယတပ္ဖြဲ႔မ်ား ပစ္ခတ္မႈလုပ္ခဲ့ဟု တ႐ုတ္စြပ္စြဲ

နယ္စပ္တြင္ အိႏိၵယတပ္ဖြဲ႔မ်ား ပစ္ခတ္မႈလုပ္ခဲ့ဟု တ႐ုတ္စြပ္စြဲ

Share this post

နယူးေဒလီ၊ စက္တင္ဘာ ၈

အျငင္းပြားနယ္စပ္ကိုတရားမ၀င္ျဖတ္ေက်ာ္ၿပီး ကင္းလွည့္ေနသည့္စစ္သားမ်ားကို အိႏၵိယတပ္ဖြဲ႔မ်ားက ပစ္ခတ္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံက စြပ္စြဲသည္။

မည္သူျဖစ္ေၾကာင္းမ႐ွင္းလင္းေသးေသာ္လည္း တ႐ုတ္အေစာင့္တပ္ဖြဲ႔မ်ားက တံု႔ျပန္ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ သည္ဟု တ႐ုတ္စစ္တပ္ေျပာခြင့္ရသူကေျပာသည္။

လက္နက္ခဲယမ္းအသံုးျပဳျခင္းကိုတားျမစ္ထားသည့္သေဘာတူညီခ်က္ကိုခ်ိဳးေဖာက္ၿပီး ႏွစ္ႏိုင္ငံနယ္စပ္တြင္ ေသနတ္ပစ္ေဖာက္ျခင္းသည္ ၿပီးခဲ့သည့္ ၄၅ ႏွစ္အတြင္း ပထမအႀကိမ္ျဖစ္သည္။

မၾကာေသးခင္လမ်ားအတြင္း ႏွစ္ဖက္တပ္ဖြဲ႔၀င္မ်ားထိပ္တိုက္ေတြ႕ခဲ့ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးထိခိုက္ေနသည္။

ပန္ေဂါင္ဆိုကန္ေတာင္ဘက္ကမ္းပါးအနီး႐ွိ ႐ွန္ေပါင္ေတာင္ေဒသက အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္းကို အိႏၵိယတပ္ဖြဲ႔၀င္မ်ားေက်ာ္ျဖတ္ခဲ့သည္ဟု တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေျပာခြင့္ရသူ ဗိုလ္မွဴးခ်ဳပ္ က်န္းေ႐ႊလီကေျပာသည္ဆိုၿပီး တ႐ုတ္အစိုးရပိုင္ Global Times သတင္းစာတြင္ေဖာ္ျပသည္။

အိႏၵိယအာဏာပိုင္မ်ားဘက္မွတစံုတရာတံု႔ျပန္ျခင္းမ႐ွိေခ်။

Ref : China says Indian troops fired ‘provocative’ shots in border dispute

#PeopleMedia

(unicode)
နယ်စပ်တွင် အိန္ဒိယတပ်ဖွဲ့များ ပစ်ခတ်မှုလုပ်ခဲ့ဟု တရုတ်စွပ်စွဲ
…………………………………………

နယူးဒေလီ၊ စက်တင်ဘာ ၈

အငြင်းပွားနယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး ကင်းလှည့်နေသည့်စစ်သားများကို အိန္ဒိယတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံက စွပ်စွဲသည်။

မည်သူဖြစ်ကြောင်းမရှင်းလင်းသေးသော်လည်း တရုတ်အစောင့်တပ်ဖွဲ့များက တုံ့ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့ သည်ဟု တရုတ်စစ်တပ်ပြောခွင့်ရသူကပြောသည်။

လက်နက်ခဲယမ်းအသုံးပြုခြင်းကိုတားမြစ်ထားသည့်သဘောတူညီချက်ကိုချိုးဖောက်ပြီး နှစ်နိုင်ငံနယ်စပ်တွင် သေနတ်ပစ်ဖောက်ခြင်းသည် ပြီးခဲ့သည့် ၄၅ နှစ်အတွင်း ပထမအကြိမ်ဖြစ်သည်။

မကြာသေးခင်လများအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များထိပ်တိုက်တွေ့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးထိခိုက်နေသည်။

ပန်ဂေါင်ဆိုကန်တောင်ဘက်ကမ်းပါးအနီးရှိ ရှန်ပေါင်တောင်ဒေသက အမှန်တကယ်ထိန်းချုပ်မျဉ်းကို အိန္ဒိယတပ်ဖွဲ့ဝင်များကျော်ဖြတ်ခဲ့သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ကျန်းရွှေလီကပြောသည်ဆိုပြီး တရုတ်အစိုးရပိုင် Global Times သတင်းစာတွင်ဖော်ပြသည်။

အိန္ဒိယအာဏာပိုင်များဘက်မှတစုံတရာတုံ့ပြန်ခြင်းမရှိချေ။

Ref : China says Indian troops fired ‘provocative’ shots in border dispute

#PeopleMedia


Share this post