• Follow Us on

Home နယ္စပ္ေဒသဖြံ႔ၿဖိဳးေရး ျမန္မာအစိုးရထံ အိႏၵိယအစိုးရက ေဒၚလာ ၅ သန္းေပးအပ္

နယ္စပ္ေဒသဖြံ႔ၿဖိဳးေရး ျမန္မာအစိုးရထံ အိႏၵိယအစိုးရက ေဒၚလာ ၅ သန္းေပးအပ္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၈

ျမန္မာႏိုင္ငံအစိုးရ၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္ထံ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး မစၥတာ ေဆာ္ရက္(ဘ္)ကူမားက ၂၀၂၀ ျပည့္ႏွစ္၊ ဩဂုတ္လ ၂၈ ရက္တြင္ အိႏၵိယ-ျမန္မာနယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးတတိယႏွစ္စီမံကိန္းမ်ားအတြက္ အေမရိကန္ေဒၚလာ ၅ သန္းတန္ေၾကးရွိ ခ်က္လက္မွတ္တစ္ေစာင္ကို ေပးအပ္ခဲ့သည္။

“တတိယႏွစ္စီမံကိန္းမ်ားအရ ခ်င္းျပည္နယ္တြင္ လမ္း၊တံတား ၉ စင္းႏွင့္ ေက်ာင္း ၅ ေက်ာင္းတည္ေဆာက္ခဲ့သည္။ ထိုစီမံကိန္းမ်ားအား အက်ိဳးခံစားရမည့္ ေက်း႐ြာေပါင္း ၈၂ ႐ြာပါဝင္သည့္ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္တြင္ ေဆာင္႐ြက္ခဲ့ပါသည္။ အက်ိဳးခံစားခြင့္ရွိသူမ်ားတြင္ ခန႔္မွန္းေျခအားျဖင့္ လူေပါင္း ၂၈၀၀၀ ပါဝင္သည္။” ဟု ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယသံ႐ံုးထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

“နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္လည္း ေက်း႐ြာေပါင္း ၈၀ ပါဝင္သည့္ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္အတြင္းတြင္ လမ္း၊ တံတား ၁၄ စင္း၊ ေက်ာင္း ၆ ေက်ာင္းႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈဌာန ၁ ခုေဆာက္လုပ္ခဲ့ပါသည္။ ယခုစီမံကိန္းမ်ားအရ အက်ိဳးခံစားရ မည့္ေက်းလက္ေနျပည္သူမ်ား ခန႔္မွန္းေျခအားျဖင့္ ၄၉၀၀၀ ခန႔္ ရွိပါသည္။” ဟုလည္းသိရသည္။

ထို႔ေၾကာင့္ အိႏၵိယ-ျမန္မာ နယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တတိယအႀကိမ္ေျမာက္ကာလစုစုေပါင္းစီမံကိန္းမ်ားမွာ ခ်င္းျပည္နယ္ႏွင့္ နာဂေဒသကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္ လမ္း၊ တံတားမ်ား၊ က်န္းမာေရးဌာနမ်ား၊ ေက်ာင္းမ်ားစသည့္ တည္ေဆာက္ေရးစီမံကိန္းေပါင္း ၁၄၁ ခုအား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၿပီးထားၿပီး အခ်ိဳ႕ေသာစီမံကိန္းမ်ားကိုလည္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္လွ်က္ရွိေနသည္။

အိႏၵိယ – ျမန္မာနယ္စပ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာ (MoU) ကို အိႏၵိယ ႏိုင္ငံ၀န္ႀကီးခ်ဳပ္၏ ျမန္မာႏိုင္ငံသို႔ ၂၀၁၂ ခုႏွစ္၊ ေမလတြင္ လာေရာက္ခဲ့သည့္ခရီးစဥ္အတြင္း လက္မွတ္ေရးထိုးခဲ့သည္။

ထိုနားလည္မႈစာခြၽန္လႊာအရ အိႏၵိယႏိုင္ငံသည္ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္ အေျခခံအေဆာက္အဦးမ်ားႏွင့္ သက္ေမြးဝမ္းေၾကာင္းမႈဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ ၅ သန္းေထာက္ပံ့မည္ျဖစ္သည္။

Photo – Embassy of India Yangon

#PeopleMedia

(unicode)
နယ်စပ်ဒေသဖွံ့ဖြိုးရေး မြန်မာအစိုးရထံ အိန္ဒိယအစိုးရက ဒေါ်လာ ၅ သန်းပေးအပ်
………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာနိုင်ငံအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးတတိယနှစ်စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၅ သန်းတန်ကြေးရှိ ချက်လက်မှတ်တစ်စောင်ကို ပေးအပ်ခဲ့သည်။

“တတိယနှစ်စီမံကိန်းများအရ ချင်းပြည်နယ်တွင် လမ်း၊တံတား ၉ စင်းနှင့် ကျောင်း ၅ ကျောင်းတည်ဆောက်ခဲ့သည်။ ထိုစီမံကိန်းများအား အကျိုးခံစားရမည့် ကျေးရွာပေါင်း ၈၂ ရွာပါဝင်သည့် မြို့နယ် ၉ မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။ အကျိုးခံစားခွင့်ရှိသူများတွင် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂၈၀၀၀ ပါဝင်သည်။” ဟု မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးထုတ်ပြန်ချက်တွင်ပါဝင်သည်။

“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ကျေးရွာပေါင်း ၈၀ ပါဝင်သည့် မြို့နယ် ၃ မြို့နယ်အတွင်းတွင် လမ်း၊ တံတား ၁၄ စင်း၊ ကျောင်း ၆ ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာန ၁ ခုဆောက်လုပ်ခဲ့ပါသည်။ ယခုစီမံကိန်းများအရ အကျိုးခံစားရ မည့်ကျေးလက်နေပြည်သူများ ခန့်မှန်းခြေအားဖြင့် ၄၉၀၀၀ ခန့် ရှိပါသည်။” ဟုလည်းသိရသည်။

ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မြောက်ကာလစုစုပေါင်းစီမံကိန်းများမှာ ချင်းပြည်နယ်နှင့် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လမ်း၊ တံတားများ၊ ကျန်းမာရေးဌာနများ၊ ကျောင်းများစသည့် တည်ဆောက်ရေးစီမံကိန်းပေါင်း ၁၄၁ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးထားပြီး အချို့သောစီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေသည်။

အိန္ဒိယ – မြန်မာနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU) ကို အိန္ဒိယ နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ မေလတွင် လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။

ထိုနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အခြေခံအဆောက်အဦးများနှင့် သက်မွေးဝမ်းကြောင်းမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်ဖြစ်သည်။

Photo – Embassy of India Yangon

#PeopleMedia


Share this post