• Follow Us on

Home နိုင်ငံတော်နှင့် ပြည်သူ၏အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်အပြည့်ဖြင့် လုပ်ငန်းတာဝန်များ ကို ကြိုးစားထမ်းဆောင်သွားရန် နိုင်ငံ့ဝန်ထမ်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌမှာကြား

နိုင်ငံတော်နှင့် ပြည်သူ၏အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်အပြည့်ဖြင့် လုပ်ငန်းတာဝန်များ ကို ကြိုးစားထမ်းဆောင်သွားရန် နိုင်ငံ့ဝန်ထမ်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌမှာကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၉ (People Media)

 

နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစားထမ်းဆောင်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အလယ်အလတ်အဆင့် အရာ ထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်း အမှတ်စဉ် (၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းဆွေက သက်ဆိုင်ရာ လက်တွေ့လုပ်ငန်းနယ် ပယ်တွင် ကွပ်ကဲအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကို အထက်အောက်ချိတ်ဆက် တာဝန်ယူကြရသော အရာထမ်းများ အရည်အသွေး ပိုမိုမြင့်မားပြီး စိတ်နေသဘောထားခံယူချက် မှန်ကန်ခိုင်မာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ယန္တရားအတွက် အားကိုးရမည့် အဆင့်မြင့်အရာရှိကြီးများဖြစ်စေရန် ရည်ရွယ်လေ့ကျင့်သင်ကြားပေးခြင်းဖြစ် ကြောင်း ပြောသည်။

 

သင်တန်းတွင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများ  သိရှိစေပြီး မိမိတို့လုပ်ငန်း တာဝန်များ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိရောက်ထက်မြက်စွာ ဆောင်ရွက်တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ပိုမိုနားလည်တက်ကျွမ်းစေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးသဘောတရားများ သိရှိ နား လည်စေရန်နှင့် ပြည်တွင်းပြည်ပ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို လေ့ကျင့်သင်ကြား ပေး သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်ယန္တရားကြီး ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်စေရန် တာဝန်ယူ ဆောင်ရွက်ပေးရသူများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး  နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

 

#PeopleMedia #ပြည်ထောင်စုရာထူးဝန်

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post