• Follow Us on

Home ပါကစၥတန္တပ္မေတာ္က ပထမဆုံးေသာ အမ်ိဳးသမီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခန္႔အပ္

ပါကစၥတန္တပ္မေတာ္က ပထမဆုံးေသာ အမ်ိဳးသမီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခန္႔အပ္

Share this post

နိုင္ငံတကာ၊ ဇူလိုင္ ၁

ပါကစၥတန္တပ္မေတာ္က အမ်ိဳးသမီးအရာရွိတစ္ဦးကို ဒုတိယဗိုလ္ခ်ဳပ္ႀကီးအျဖစ္ ပထမဆုံးအႀကိမ္ ခန္႔ အပ္လိုက္ေၾကာင္း စစ္ဘက္ဆိုင္ရာမီဒီယာမ်ားက ဇြန္လ ၃၀ ရက္တြင္ ေဖာ္ျပခဲ့သည္။

ဗိုလ္ခ်ဳပ္ နီဂါဂ်ိဳဟာအား ၾကယ္သုံးပြင့္အဆင့္ရာထူးတစ္ခုျဖစ္သည့္ ပါကစၥတန္တပ္မေတာ္၏ ပထမဆုံး ေသာ အမ်ိဳးသမီး ေဆးမွူးခ်ဳပ္အျဖစ္ ခန္႔အပ္လိုက္သည္။

“သူမဟာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအျဖစ္ ရာထူးတိုးျမႇင့္ခံရတဲ့ ပထမဆုံးေသာ အမ်ိဳးသမီး အရာရွိျဖစ္ပါတယ္။ သူ႔ကို ပါကစၥတန္တပ္မေတာ္ရဲ့ ပထမဆုံးေသာ အမ်ိဳးသမီး ေဆးမွူးခ်ဳပ္အျဖစ္ ခန္႔အပ္ခဲ့ပါတယ္” ဟု ျပည္သူ႔ ဆက္ဆံေရးဌာန (ISPR) ၏ ညႊန္ၾကားေရးမွူးခ်ဳပ္ ဗိုလ္ခ်ဳပ္ ဘာဘာလစ္ခါက တြစ္တာ၌ ေရးသားခဲ့သည္။

ဂ်ိဳဟာသည္ ၁၉၈၅ ခုႏွစ္တြင္ ရာဝယ္လ္ပင္ဒီရွိ တပ္မေတာ္ေဆးတကၠသိုလ္မွ ဘြဲ႕ရရွိခဲ့ၿပီး ပါကစၥတန္ တပ္မေတာ္ ေဆးတပ္ဖြဲ႕သို့ ဝင္ေရာက္ခဲ့သည္။

၂၀၁၇ ခုႏွစ္တြင္ ဂ်ိဳဟာက ပါကစၥတန္တပ္မေတာ္၌ ဗိုလ္ခ်ဳပ္ရာထူးရယူနိုင္ေသာ တတိယေျမာက္ အမ်ိဳး သမီးအရာရွိ ျဖစ္လာခဲ့သည္။

ဗိုလ္ခ်ဳပ္ရာထူးရရွိခဲ့သည့္ အျခား အမ်ိဳးသမီးႏွစ္ဦးမွာ ရွာဟီဒါဘတ္ရွာႏွင့္ ရွာဟီဒါမာလစ္ခ္တို့ျဖစ္သည္။ ဂ်ိဳဟာ၏ဖခင္ႏွင့္ ခင္ပြန္းတို့ကလည္း ပါကစၥတန္တပ္မေတာ္၌ တာဝန္ထမ္းေဆာင္ခဲ့သည္။

ကိုးကား – ဟိႏၵဴစတန္တိုင္းမ္

Ref; Pakistan Army appoints first female lieutenant general

#PeopleMedia

(unicode)
ပါကစ္စတန်တပ်မတော်က ပထမဆုံးသော အမျိုးသမီး ဒုတိယဗိုလ်ချုပ်ကြီး ခန့်အပ်
……………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၁

ပါကစ္စတန်တပ်မတော်က အမျိုးသမီးအရာရှိတစ်ဦးကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ပထမဆုံးအကြိမ် ခန့် အပ်လိုက်ကြောင်း စစ်ဘက်ဆိုင်ရာမီဒီယာများက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ် နီဂါဂျိုဟာအား ကြယ်သုံးပွင့်အဆင့်ရာထူးတစ်ခုဖြစ်သည့် ပါကစ္စတန်တပ်မတော်၏ ပထမဆုံး သော အမျိုးသမီး ဆေးမှူးချုပ်အဖြစ် ခန့်အပ်လိုက်သည်။

“သူမဟာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ပထမဆုံးသော အမျိုးသမီး အရာရှိဖြစ်ပါတယ်။ သူ့ကို ပါကစ္စတန်တပ်မတော်ရဲ့ ပထမဆုံးသော အမျိုးသမီး ဆေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်” ဟု ပြည်သူ့ ဆက်ဆံရေးဌာန (ISPR) ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ဘာဘာလစ်ခါက တွစ်တာ၌ ရေးသားခဲ့သည်။

ဂျိုဟာသည် ၁၉၈၅ ခုနှစ်တွင် ရာဝယ်လ်ပင်ဒီရှိ တပ်မတော်ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ပါကစ္စတန် တပ်မတော် ဆေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဂျိုဟာက ပါကစ္စတန်တပ်မတော်၌ ဗိုလ်ချုပ်ရာထူးရယူနိုင်သော တတိယမြောက် အမျိုး သမီးအရာရှိ ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်ရာထူးရရှိခဲ့သည့် အခြား အမျိုးသမီးနှစ်ဦးမှာ ရှာဟီဒါဘတ်ရှာနှင့် ရှာဟီဒါမာလစ်ခ်တို့ဖြစ်သည်။ ဂျိုဟာ၏ဖခင်နှင့် ခင်ပွန်းတို့ကလည်း ပါကစ္စတန်တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သည်။

ကိုးကား – ဟိန္ဒူစတန်တိုင်းမ်

Ref; Pakistan Army appoints first female lieutenant general

#PeopleMedia


Share this post