• Follow Us on

Home ပိုလန်-ဘီလာရုဇ်နယ်စပ် ဒုက္ခသည်အကျပ်အတည်းသည် ရုရှားနှင့် အနည်းငယ်မျှ မသက်ဆိုင်ကြောင်း သမ္မတ ပူတင် ပြောကြား

ပိုလန်-ဘီလာရုဇ်နယ်စပ် ဒုက္ခသည်အကျပ်အတည်းသည် ရုရှားနှင့် အနည်းငယ်မျှ မသက်ဆိုင်ကြောင်း သမ္မတ ပူတင် ပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅ (People Media)

 

လက်ရှိ ပိုလန်-ဘီလာရုဇ်နယ်စပ် ဒုက္ခသည်အကျပ်အတည်းသည် ရုရှားနိုင်ငံနှင့် အနည်းငယ်မျှ မသက်ဆိုင် ကြောင်း ရုရှားသမ္မတ ပူတင်က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

 

ရုရှားနှင့် လက်ရှိ ပိုလန်-ဘီလာရုဇ် နယ်စပ် ဒုက္ခသည်အကျပ်အတည်း အနည်းငယ်မျှ မသက်ဆိုင်ကြောင်း၊ ၎င်း မှာ ရုရှားကို ပြစ်တင်စွပ်စွဲလိုသူ၏ တာဝန်ရှောင်လွှဲ ပြန်လည်အပြစ်တင် ပြောဆိုမှုသာဖြစ်ကြောင်း ပူတင်က ယင်းနေ့ Channel One Russia ရုပ်သံမှ ထုတ်လွှင့်သည့် အစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။

 

ပိုလန်-ဘီလာရုဇ်နယ်စပ် ဒုက္ခသည်အကျပ်အတည်းကို မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊ ထိုမတိုင်မီ ၎င်းနှင့် ဘီလာရုဇ်သမ္မတ လူကာသျှင်ကို ကြားတွင် ယင်းအရေးကိစ္စအပေါ် ဆွေးနွေးမှုမရှိခဲ့ကြောင်း၊ ဒုက္ခ သည်အကျပ်အတည်း ဖြစ်ပွားပြီးနောက် ၎င်းနှင့် လူကာသျှင်ကို ဖုန်းနှစ်ကြိမ်ဆက်သွယ်ပြောဆိုမှုရှိခဲ့ကြောင်း သမ္မတပူတင်က ဆိုသည်။

 

ထိုနေ့မနက်အစောပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပိုလန်၊ ဘီလာရုဇ် နယ်စပ်ဒုက္ခသည် အကျပ်အတည်းသည် “တမင်အစီအစဉ်ရေးဆွဲထားသည့် အကျပ်အတည်း” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းမှာ ထိုမှတစ်ဆင့် ဘီလာရုဇ်အစိုးရ၏ ”လူ့အခွင့်အရေးချိုးဖောက်မှု”စသည့် လုပ်ဆောင်ချက်များကို အာရုံလွှဲရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ပိုလန်၊ ဘီလာရုဇ်နယ်စပ်ဒုက္ခသည်အကျပ်အတည်းကို ရုရှားက တာဝန်ယူ သင့်ကြောင်း Liz Truss က ယူဆသည်။

 

ထိုပြောကြားချက်အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဗြိတိန်အနေဖြင့် အီရတ်ဒုက္ခသည်အရေးတွင် သမိုင်းတာဝန်ယူရန်ရှိနေရာ ဒုက္ခသည်အကျပ်အတည်း ရုရှားအပေါ် အပြစ်တင် ပိုင်ခွင့်မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

 

ယခုနှစ် ဩဂုတ်လမှပြီး ဂျာမနီစသည့် အနောက်ဥရောပနိုင်ငံများသို့ ဝင်ရောက်ရန်အတွက် အရှေ့အလယ်ပိုင်း ဒုက္ခသည်များ ဘီလာရုဇ်လမ်းကြောင်းမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပိုလန်နှင့်လစ်သူယေးနီးယား နိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလာရာ ယင်းနိုင်ငံနှစ်နိုင်ငံအတွက် နယ်စပ်ထိန်းချုပ်ရေး ဖိအား ပိုများလာခဲ့ ကြောင်း သိရသည်။ နယ်စပ်ဒေသတွင် လုံလောက်သည့်စားစရာ၊ ရေနှင့် ဆေးကုသမှုအာမခံချက် မရှိခြင်း၊ ပိုလန်နှင့်လီသူယေးနီးယားဘက်မှ ဖမ်းဆီးမှုများအား ရှောင်ရှားရန်လိုအပ်ချက်များကြောင့် ဒုက္ခသည့်အများစု သည် အခက်အခဲအကျပ်အတည်းများရှိနေရာမှာပင် သေဆုံးသူများ ရှိလာခဲ့ကြောင်း သတင်းများအရ သိရ သည်။

 

ပိုလန်၊ လစ်သူယေးနီးယားနှင့် ဥရောပသမဂ္ဂတို့က လက်ရှိ ဒုက္ခသည်အကျပ်အတည်းကို ဘီလာရုဇ်အား ပြစ်ပုံ ချပြောဆိုခဲ့သော်လည်း ဘီလာရုဇ်က အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဒုက္ခသည်လှိုင်းလုံးကြီးကို ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိခြင်း ဖြစ်ကြောင်း ဆိုသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post